ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၏ မူဝါဒ၊ သဘောထား၊လုပ်ငန်းလမ်းစဉ်များ

ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ၏ မူဝါဒ၊ သဘောထား၊လုပ်ငန်းလမ်းစဉ်များ

နေပြည်တော် စက်တင်ဘာ ၁၂ ။        ။ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဦးစိုးမောင်က ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို စက်တင်လာ ၁၁ ရက်နေ့ ညပိုင်းကရေဒီယိုနှင့် ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

အဆိုပါဟောပြောတင်ပြချက်အပြည့်အစုံမှာ အောာက်ပါအတိုင်းဖြစ်ပါသည်-

လေးစားအပ်ပါသော မဲဆန္ဒရှင်ပြည်သူလူထုအပေါင်းတို့ခင်ဗျား-

ကျွန်တော်ကတော့ "'ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ"  ဥက္ကဋ္ဌ ဦးစိုးမောင် ဖြစ်ပါတယ်။

ကျွန်တော်တို့ပါတီဟာ-၁၉၈၈နှောင်းပိုင်းမှာ မြန်မာနိုင်ငံတော်ရဲ့ပထမဆုံးဝန်ကြီးချုပ် သခင်နု၊ သမ္မတမန်းဝင်းမောင်၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးအောင် စတဲ့ အထင်ကရပုဂ္ဂိုလ်ကြီးများ ဦးဆောင် တည်ထောင်ခဲ့တဲ့ ''ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအဖွဲ့ချုပ်''ကို ဆက်ခံဖွဲ့စည်းခဲ့တဲ့ ပါတီဖြစ်ပါတယ်။

၈၈ အရေးတော်ပုံလွန်ကာလမှာ တပ်မတော်အစိုးရက ချခင်းလိုက်တဲ့ပါတီစုံဒီမိုကရေစီနိုင်ငံရေးအခင်းအကျင်း ပေါ်ပေါက် လာခဲ့တယ်၊ ဒီအခင်းအကျင်းမှာ " ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအဖွဲ့ချုပ်"  ကို ဆက်ခံဖွဲ့စည်းခဲ့တဲ့ "ဒီမိုဒီမိုကရေစီဝါဒနှင့်စနစ်'' ဆိုတဲ့သဘောတရားကို ထုတ်ဆင့်ခဲ့ပြီး ဒီသဘောတရားကို အကောင်အထည်ဖော်ဖို့အတွက် ''လက်စားမချေ သင်ပုန်းချေ''ဆိုတဲ့ ''ချေ-နှစ်ချေ'' လမ်းစဉ်တို့ အလေးအနက်ထား ချခင်းခဲ့ပါတယ်။

အဲဒီ ၁၉၈၈-၈၉ အရေးတော်ပုံလွန်ကာလရဲ့ နှလုံးသားခံစားချက်ဘက်တိမ်းညွတ်မှုလွန်ကဲနေတဲ့ ပြည်သူလူထုကြီးနေနဲ့ချေနှစ်ချေလမ်းစဉ်ကိုအလွယ်တကူ လက်ခံနိုင်လောက်မယ်မဟုတ်သေးဘူးဆိုတာ ထိုစဉ်က''ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့ချုပ်'' ဦးစီးပဲ့ကိုင်တွေက ကောင်းစွာသိရှိပေမယ့် ကာလရှည်ကြာ ပြည်တွင်းစစ်ပြီးဆုံးပြီး ပြည်တွင်းငြိမ်းချမ်းရေးပြဿနာဖြေရှင်းရေး၊ ဒီမိုကရေစီဝါဒနဲ့စနစ် ပြန်လည် တည်ဆောက်ရေး၊တန်းတူရည်တူ ပြည်ထောင်စု(ဖက်ဒရယ်ပြည်ထောင်စု) တည်ဆောက်ရေးတွေအတွက် ရေရှည်မှာ မလွှဲမရှောင်သာကျင့်သုံးရမယ့် တစ်ခုတည်းသောထွက်ရပ်မူဝါဒနဲ့လမ်းစဉ်ပဲဆိုတာ မမှိတ်မသုန် အခိုင်အမာယုံကြည်ခဲ့တာကြောင့် ဒီမူဝါဒနဲ့လုပ်ငန်းစဉ်ကို ပြည်ထောင်စုအများကြီးက လတ်တလောသဘောမပေါက် ထောက်ခံမှုရလိမ့်ဦးမည်မဟုတ်ဆိုတာသိလျက်နဲ့ ရာဇဝင်တမန်တော် (Historical Mission) အလုပ်တာဝန်ကိုခံယူထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

ခုတော့ဒီလမ်းစဉ်နာမည်တပ်ချင်မှတပ်ပါမယ်။ ဒါပေမယ့် ဒီနှစ်သာရဆောင်တဲ့ လမ်းကြောင်းနောက် တည်ဆဲအစိုးရရော မြန်မာ့နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အစုအစည်းတွေ၊ ပုဂ္ဂိုလ်တွေ အများစုကြီးပါ လျှောက်လိုက်လာကြတာတွေကို မျက်ဝါးထင်ထင်တွေ့လာရလို့ကျွန်တော်တို့ပါတီရဲ့ နိုင်ငံသမိုင်းတာဝန်ကျေပွန်မှုအတွက် ဝမ်းမြောက်ဂုဏ်ယူဖွယ်ရာဖြစ်ကြောင်း ခုလိုအလျဉ်းသင့် တုန်းပြောကြားလိုပါတယ်။မြန်မာ့လူအဖွဲ့စည်းဟာ ၁၉၆၂ ခုနှစ်ကစပြီး အာဏာရှင်စနစ်အမျိုးမျိုးအောက်မှာနေထိုင်ဖြတ်သန်းခဲ့ရတာ ၂၀၁၀ ပြည့်နှစ်အထိ ရာစုနှစ်ဝက်ကျော်ပါပဲ။ ၂၀၀၈ ဇွဲ့စည်းပုံအခြေခံ ဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲက မွေးထုတ်ပေးခဲ့တဲ့ ရွေးကောက်ခံအစိုးရဟာလည်း တင်းကျပ်ပြည့်ဒီမိုကရေစီအစိုးရ

မဟုတ်သေးပါဘူး။ ဒီလိုအစိုးရအဆက်ဆက်အောက်က လူ့အဖွဲ့အစည်းဟာ စီးပွားရေး မပွားစည်း၊ မဖွွံ့ဖြိုး မကျယ်ပြန့်တဲ့ လူ့အဖွဲ့အစည်းဖြစ်နေတာကြောင့် အကျင့်သီလပျက်လာကြတာ သဘာဝကျ လှပါတယ်။ အကျင့်သီလကို ပြန်လည်မတည်ဆောက်နိုင်သရွေ့ ဒီမိုကရေစီထွန်းကားဖို့ဟာဖြစ်နိုင်ခြေမရှိဘူးလို့ ကျွန်တော်တို့ပါတီကခံယူပါတယ်။ ''ခြင်္သေ့ဆီသည်သိဂီရွှေခွက်မှာသာ တည်နိုင်သလို ဒီမိုကရေစီဝါဒ၊ စနစ်၊ အလေ့အကျင့်တို့သည်လည်း ကိုယ်ကျင့်သီလကောင်းသော လူ့အဖွဲ့အစည်းမှာသာ တည်နိုင်တယ်''လို့ကျွန်တော်တို့ပါတီက အခိုင်အမာယုံကြည်ပါတယ်။

ဒါကြောင့် ဗြဟ္မစိုရ်တရားအခြေမခိုင်တဲ့ အကျင့်သီလပျက် လူ့အဖွဲ့အစည်းမျိုးမှာ ဒီမိုကရေစီမထွန်းကားနိုင်တာကြောင့် ''ဗြဟူ္မစိုရ်တရားအခြေခံသော ဒီမိုကရေစီဝါဒနှင့်စနစ်''ဆိုတဲ့ လမ်းစဉ် သဘောတရားကို ချခင်းကိုင်စွဲနေရခြင်းဖြစ်ပါတယ်။

တစ်ခါ အဲ့ဒီ ''ဗြဟ္မစိုရ်တရားအခြေခံသော ဒီမိုကရေစီဝါဒနှင့်စနစ်'' ကိုသွားရာမှာ အထက်မှာပြောခဲ့သလို ''လက်စားမချေ သင်ပုန်းချေ''လမ်းစဉ်ကို ချခင်းရတဲ့အကြောင်းရင်းကိုလည်း ရှင်းပြပါရစေ။

ကျွန်တော်တို့မြန်မာပြည်ထောင်စုဟာ နှစ်ပေါင်း ၆၀ ကျော် ပြည်တွင်းစစ်ကြီးနဲ့ နှစ် ၅၀ ကျော် အာဏာရှင်စနစ်အမျိုးမျိုးအောက်မှာ နေထိုင်လာကြရလ ို့ ဒီကာလတွေအတွင်း ပြည်ထောင်စုဝင် လူမျိုး အချင်းချင်းဖြစ်စေ၊လက်နက်ကိုင်လက်နက်မဲ့၊ ဥပဒေတွင်း ဥပဒေပ၊ ပါတီ၊ အဖွဲ့အစည်း၊ အစု၊လူပုဂူ္ဂိုလ်တို့ချင်းဖြစ်စေ အကြား အပြန်အလှန်ကျူးလွန်မိခဲ့ကြတဲ့ အပြစ်ကြီးအပြစ်ငယ်တွေ၊ အမှားကြီး အမှားငယ်တွေရှိခဲ့ကြတာဟာ ဧကံအမှန်ပါ။အငြင်းပွားစရာမရှိပါ။

ဒီလိုကျူးလွန်ခဲ့မိတဲ့ ကိုယ်စီရှိ အမှားအယွင်း အပြစ်အနာအဆာတွေကို အမှတ်အတေးထား၊ အငြိုးဖွဲ့နေကြပါလျှင ် ပြည်ထောင်စုလုံးဆိုင်ရာ အငြင်းပွားမှုကြီးရဲ့ အထွတ်အထိပ်ဖြစ်တဲ့ ပြည်တွင်းစစ်ကြီး ကိုအပြီးသတ်နိုင်ကြမှာမဟုတ်သလို ရေရှည်တည်တံ့ ကျယ်ပြန့်ခိုင်မာတဲ့ငြိမ်းချမ်းရေးကိုလည်း ပြန်လည်တည်ဆောက်နိုင်ကြမှာမဟုတ်ပါဘူး။ ဒီလိုဆိုရင် ကျယ်ပြန့်၊ ဖွံ့ဖြိုး ပွားစီးတဲ့ စီးပွားရေး ဘဝကို လည်းတည်ဆောက်နိုင်ကြမှာ မဟုတ်သလို "တန်းတူရည်တူပြည်ထောင်စုမူ" အခြေပြုတဲ့ "ဖက်ဒရယ် ပြည်ထောင်စုသမ္မတနိုင်ငံ"ကိုလည်း အိမ်မက်တောင် မက်နိုင်မှာမဟုတ်ဘူးလို့ ကျွန်တော်တို့ပါတီက ယုံကြည်ပါတယ်။ အငြိုးအတေးထားလက်စားချေမယ်ဆိုတဲ့ စိတ်ဓါတ်ကို ခဝါချပြီး အတိတ်အမှားအပြစ်တွေကို အပြန်အလှန်သင်ပုန်းချေ- သင်ခန်းစာယူတဲ့လမ်းစဉ်န့သာ ''တစ်မျိုးသားလုံး ပြည်ထောင်စု တစ်ခုလုံး ပြန်လည်ရင်ကြားစေ့သင့်မြတ်ရေး''ကို အမှန်တကယ်အကောင်အထည်ဖော်နိုင်လိမ့်မယ်လို့ အခိုင်အမာယုံကြည်လို့ပဲ ဖြစ်ပါတယ်။

ဒီထက်ပိတိးုပြောရရင် အထက်မှာဆိုခဲ့ပြီးဖြစ်တဲ့ ကျွန်တော်တို့ပါတီရဲ့မူဝါဒနဲ့လုပ်ငန်းစဉ်တွေဟာ မြန်မာမှာသာမက၊ မြန်မာလို ပြည်တွင်းစစ်ရေး ပဋိပက္ခတွေ အာဏာရှင်စနစ်အမျိုးမျိုးတွေအောက်၊ ကာလာရှည်ဖြတ်သန်းခဲ့ရလို့စီးပွားရေးရာ ကိုယ်ကျင့်သီလပါ ချွတ်ခြုံကျလာခဲ့ရတဲ့ လူ့အဖွဲ့စည်းတိုင်းအတွက်ပါ၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ စီးပွားဖွံ့ဖြိုးတိုးတက်ရေးကိစ္စများအလို့ငှာ ချခင်ကျင့်သုံးရာ စံနမူနာမင်္ဂလာလမ်းစဉ်ဖြစ်ကြောင်း ကျွန်တော်တို့ပါတီကယုံကြည်ပါတယ်။ မဲဆန္ဒရှင်ပြည်သူလူထုကြီးကိုလည်း ဒီအယူအမြင်နဲ့ ယုံကြည်မှုကို ခုလိုအလျဉ်းသင့်တုန်း လေးစားစွာဝေငှအပ်ပါတယ်။

ဆက်လက်ပြီး ''ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ'' ပြန်လည်ဖွဲ့စည်းပေါ်ပေါက်လာပုံကို အစီရင်ခံတင်ပြပါ့မယ်။ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေးအဖွဲ့ချုပ်ဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီးမှာ နဝတအစိုးရက ဖျက်သိမ်းခြင်းကိုခံခဲ့ရပါတယ်။ ၂၀၁၀ ခုနှစ်တိုင်တဲ့အထိပါပဲ။ ထိုစဉ်က နယကအစိုးရဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုရေးဆွဲအတည်ပြုခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲကို ကြေညာလာပါတယ်၊

နိုင်ငံရေးပါတီများ မှတ်ပုံတင်ဥပဒေပြဋ္ဌာန်းပြီး နိုင်ငံရေဒပါတီတွေ ဖွဲ့စည်းခွင့်ပေးခဲ့ပါတယ်။ ဒီအခါ ဒီမို/ငြိမ်းချမ်းဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဟောင်းတွေပြန်လည်စုစည်းကြပြီး မူလအဖွဲ့ချုပ်ရဲ့မှုဝါဒ၊ လမ်းစဉ်တွေကို ဆက်လက်ကိုင်စွဲကာ၊ အချိန်ကာလလိုအပ်ချက်အရ ''ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ''ဆိုတဲ့အမည်နဲ့'အဖွဲ့ချုပ်' မှ 'ပါတီ'သို့ ပြောင်းလဲဖွဲ့စည်းခဲ့ပါတယ်။ထိုစဉ်က-

'၂၀၀၈ဖွဲ့စည်းပုံဟာ စစ်အာဏာစိုး-နဖားကြိုးထိုးဖွဲ့စည်းပုံပဲ...

လက်မခံ ဆန့်ကျင်ကြ!'

'၂၀၁၀ ရွေးကောက်ပွဲ သပိတ်မှောက်ကြ!' စတဲ့ ကြွေးကြော်သံတွေပွက်လောညံနေတဲ့ကာလဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီဟာ ဒီလို ပွက်လောထနေတဲ့ အယူအမြင်တွေဆန့် ကျင်ကာ၊ ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်၊ ဒီကြေညာချက်မှာ-

- ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အလုံးစုံတော့သဘောမတူ။

- သို့သော် တည်ဆဲအစိုးရက အတည်ပြုပြဋ္ဌာန်းလိုက်ပြီးဖြစ်လို့ ဒီဥပဒေ တည်ရှိလာတဲ့ အရှိတရားကို အသိအမှတ်ပြုတယ်။

- ဒီဖွဲ့စည်းပုံအရကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲဟာ မြန်မာတစ်ပြည်ထောင်စုလုံး မျှော်မှန်းခဲ့၊ မျှော်မှန်းအပ်တဲ့ 'ပန်းတိုင်'  မဟုတ်ဘူး။ မလွှဲမရှောင်သာ ဖြတ်သန်းရမယ့် 'မှတ်တိုင်တစ်ခု' အဖြစ်သာသဘော ထားတယ် ၊ ဒီမှတ်တိုင်ကိုဖြတ်ရင်း 'အရွေ့' တစ်ခုအဖြစ်နဲ့လိုက်ပါမယ်။

- ဒါကြောင့်ကျွန်တော်တို့ဖွဲ့စည်းထားတဲ့ ဒီမို/ငြိမ်းချမ်းပါတီဟာ ၂၀၁၀ရွေးကောက်ပွဲကို အကန့်အသတ်ဖြင့်သာ ပါဝင်ယှဉ်ပြိုင်မယ်..လို့အတိအလင်းဖော်ပြခဲ့တယ်။ အဲ့ဒီသဘောထားရပ်တည်ချက်တွေနဲ့ ကျွန်တော်တို့ပါတီဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာပြဋ္ဌာန်းဥပဒေများနှင့်အညီ တရားဝင်မှတ်ပုံတင်ပြီး ရပ်တည်လာခဲ့တာ ခုထိဆိုရင် ငါးနှစ်ရှိခဲ့ပါပြီ။

ဒီငါးနှစ်အတွင်း ကျွန်တော်တို့ပါတီက မြန်မာဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး 'အရွေ့' မှာ ပါဝင်ဖြတ်သန်းဆောင်ရွက်ခဲ့မှုတွေကတော့

(၁) ၂၀၁၀ရွေးကောက်ပွဲကြီးမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် (၉)နယ် ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်၊ အထက်ကြေညာချက်မှာ ဆိုခဲ့သလို အကန့်အသတ်နဲ့ ပါဝင်ခဲ့တာဖြစ်ပါတယ်

(၂) ၂၀၁၁ နှစ်ဆန်းစမှာ အခြားပါတီ(၉)ပါတီနဲ့အတူ ''ဒီမိုကရေစီမိတ်ဆွေပါတီများ'' အစုအဖွဲ့ကို ဖွဲ့စည်းပါဝင်ပြီး မြန်မာနိုင်ငံအပေါ်နိုင်ငံ တစ်ကာစီပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ၊ရွေးကောက်ပွဲအချိုးကျ ကိုယ်စားလှယ်ပြုစနစ်ကျင့်သုံးရေးစတဲ့ကိစ္စများဆောင်ရွက်ခဲ့ပါတယ်။ အောင်မြင်မှုအများအပြား ရရှိခဲ့ပါတယ်။

(၃) ၂၀၁၄ နှစ်လယ်ပိုင်းကစလို့ ''ဒီမိုကရေစီမိတ်ဆွေပါတီများ'' အစုအဖွဲ့ကို ၊ ''ဖက်ဒရယ်ဒီမိုကရေစီမဟာမိတ်'' (Federal Democracy Alliance) FDA အဖြစ် တိုးချဲ့ဖွဲ့စည်းရာမှာ ကမကထပြု ပါဝင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ တိုင်းရင်းသားပါတီများအပါဝင်(၁၄)ပါတီ FDA မဟာမိတ်မှာ တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိပါတယ်။

(၄) ကျွန်တော်တို့ပါတီမှ FDA ကိုယ်စားလှယ်ဟာ ငြိမ်းချမ်းရေးနှင့်နိုင်ငံရေးဆွေးနွေးပွဲအတွက် မူဘောင်ရေးဆွဲရေးကော်မတီမှာပါဝင်ပြီး အဆိုပါမူဘောင်ကို ရေးဆွဲပြီးစီးအောင် ဆောင်ရွက်ခဲ့ပါတယ်။

(၅) ''နိုင်ငံရေးပါတီများနှင့် ကိုယ်စားလှယ်လောင်းများ လိုက်နာရမည့်ကျင့်ဝတ်'' (Code of Conduct for Political Parties and Candidates ) CoCရေးဆွဲရေးကော်မတီမှာပါဝင်ပြီး  ဆိုခဲ့ပါ''ကျင့်ဝတ်'' ကိုအောင်မြင်စွာ ပါဝင်ရေးဆွဲခဲ့ပါတယ်။

(၆) အမျိုးသားပညာရေးစနစ ် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တစ်လျှောက်ကျင်းပခဲ့တဲ့ဆွေးနွေးပွဲတွေအားလုံးသို့ တက်ရောက်ပါဝင်ဆွေးနွေးအကြံပြုခဲ့ပါတယ်။

(၇) အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ် (RPS)နဲ့ ပတ်သက်လို့အမျိုးသားလွှတ်တော်မှာသွားရောက ် အကြြံပု တြင်ပခဲ့ပါတယ်။

(၈) ပြည်တွင်းပြည်ပမှာ ကျင်းပပြုလုပ်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး၊ ဖက်ဒရယ်

ပြည်ထောင်စုဖြစ်ပေါ်ရေး၊အမျိုးသားစီးပွား ဖွံ့ဖြိုးတိုးတက်ရေးစတဲ့ အရေးပါလှတဲ့ အလုပ်ရုံဆွေးနွေးပွဲတွေ၊ ဖိုရမ်တွေကို ပါဝင်တက်ရောက်ဆွေးနွေမှုများ ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့ပါတယ်။

ဒီလိုနဲ့မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ငါးနှစ်တာ''အရွေ့''ကိုကျွန်တော်တို့ စွမ်းအားရှိသမျှ ပါဝင် "ရွှေ့" ခဲ့ပါတယ်။ ခုလည်း လာမယ့်နိုဝင်ဘာရွေးကောက်ပွဲမှာ ကျွန်တော်တို့ကိုင်စွဲထားတဲ့ ''မူ''အရ အကန့်အသတ်နဲ့ပဲပါဝင်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ခုလို ယှဉ်ပြိုင်ရာမှာ ကျွန်တော်တို့ပါတီရဲ့ရည်ရွယ်ချက်နဲ့ လုပ်ငန်းစဉ်တွေရှိပါတယ်။ အဲ့ဒီအထဲက အဓိကကျ အရေးအပါဆုံး (၃)ချက်တင်ပြပါမယ်။

၁။ နိုင်ငံတော်တည်ဆောက်ရေးကဏ္ဍမှာ- နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈) ကို ဒီမိုကရေစီနှုန်းများနဲ့ကိုက်ညီပြီး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းအုပ်ချုပ်ခွင့်ပေါ်အခြေပြုတဲ့ ဖက်ဒရယ်ပြည်ထောင်စုလက္ခဏာ ပြည့်စုံလာအောင်၊ဆန္ဒနောက်မလိုက်ဘဲ ဘဝပေးအခြေအနေ ဖြစ်နိုင်ခြေကစလို့ တစ်စတစ်စ ပြောင်းလဲပြင်ဆင်သွားရန်၊

၂။ ပြည်တွင်းစစ်ရပ်စဲရေး ပြည်တွင်းငြိမ်းချမ်းရေးကမှာပြည်တွင်းလက်နက်ကိုင်ပဋိပကူ္ခအတွင်း ပါဝင်ပတ်သက်နေတဲ့ဥပဒေတွင်း ဥပဒေပ၊ လက်နက်ကိုင် လက်နက်မဲ့၊ နိုင်ငံရေးပါတီ၊အဖွဲ့အစည်း၊ အစု၊ လူပုဂ္ဂိုလ်များ ကျယ်ကျယ်ပြန့်ပြန့် ကိုယ်စားပြုပါဝင်တက်ရောက်မယ့် ''ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် နိုင်ငံရေးညီလာခံကြီး'' တစ်ရပ်ကျင်းပပြီး ဆွေးနွေးညှိနှိုင်းအဖြေရှာရန်''တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်'' ဆောလျင်နိုင်သမျှ ဆောလျင်စွာလက်မှတ်ရေးထိုး ပဋိညာဉ်ပြုရေးအလို့ငှာအစွမ်းကုန်ပါဝင်ဆောင်ရွက်သွားရန်၊

၃။ မြေယာကုန်ထုတ်ကဏ္ဍမှာ - လက်ရှိတည်ဆဲမြေယာဥပဒေတွေဟာ ''မြေခစား မြေရှင်ကြီးစနစ'် 'ဆီ ဦးတည်နေတယ်လို့ ရှုမြင်တဲ့အတွက် လယ်ယာလုပ်သူ လယ်ယာပိုင်ဆိုင်လုပ်ကိုင်ခွင့်၊ လက်ရှိလက်ငုတ်လုပ်ပိုင်ခွင့်တွေကို အာမခံချက်ရှိစေပြီး ပုဂူ္ဂလိက မြေပိုင်ဆိုင်မှုမှာလည်း အကန့်အသတ်တစ်စုံတစ်ရာရှိစေမယ့် မြေယာအရင်းရှင်စနစ် စစ်စစ်ထွန်းကားစေရန် တို့ဖြစ်ပါတယ်။

မဲဆန္ဒရှင်ပြည်သူလူထုအပေါင်းတို့ခင်ဗျား

လွန်ခဲ့တဲ့ ငါးနှစ်တာကာလဟာ မြန်မာ့အဖို့ ''ပထမအရွေ့'' ကာလဖြစ်ပါတယ်။ ခုလာမယ့်ရွေးကောက်ပွဲဟာ လာမယ့်ငါးနှစ်တာ ''ဒုတိယအရွေ့''သို့ ဦးတည်တဲ့ကာလဖြစ်ပါတယ်။

ဒီ ''ဒုတိယအရွေ့ '' ကာလမာှ ပေါ်ပေါက်လာမယ့် ဦးစီးပဲ့ကိုင်နိုင်ငံတော်အစိုးရဟာ၊ လက်ရှိနိုင်ငံရေးပါတီကြီးတွေအပါအဝင် ပါတီအများအပြားပါဝင်တဲ့ အထူူးသဖြင့် တိုင်းရင်းသားဒေသတွေအပါဝင် ပါတီအများအပြားတိုင်းရင်းသားကြီးတွေပါဝင်တ့ဲ ''ညွှန့်ပေါင်းအစိုးရ'' တစ်ရပ် ပေါ်ပေါက်လာဖို့ အလားအလာများပါတယ်။ဒီလို အစိုးရတစ်ရပ်ပေါ်ပေါက်လာအောင် မဲဆန္ဒရှင်လူထုကြီးရဲ့ ''ရွေ့နိုင်အား နဲ့ရွေးနည်း'' မှန်ကန်မှုအပေါ် အများကြီးတည်မှီနေပါတယ်။

ခုအခါ လာမယ့်ရွေးကောက်ပွဲဆန္ဒမဲပေးကြရာမှာ-

- ''လူကိုမကြည့်ပါနဲ့ ပါတီကိုကြည့်ပါ''ဆိုတဲ့ ပါတီပဓာနနည်း။

- ''လူကိုအဓိကထားကြည့်ပါ '' ဆိုတဲ့ လူပဓာနနည်းရယ်လို့ နည်းနှစ်နည်း

ကွဲလွဲထွက်ပေါ်နေပါတယ်။

ကျွန်တော်တို့ပါတီကတော့

- ''ပါတီကိုလည်း အသေချာ 'ကြည့်'ပါ''

- ''လူကိုလည်းသတိချပ် 'ကြည'့် ရှုရွေးချယ်ပါ''လ ို့အလေးအနက်အကြံပြုလိုပါတယ်။ ဒီအကြည့်နှစ်ပါးလုံးနဲ့ယှဉ်ထိုးပြီး ရွေးချယ်ပါမှ မျက်မှောက်ဒီမိုကရေစီပြောင်းလဲရေးဖြစ်စဉ် ''ဒုတိယအရွေ့''ကို မှန်မှန်ကန်ကန် 'ရွေ့'ပေးရာရောက်ပါလိမ့်မယ်လို့ မဲဆန္ဒရှင်လူထုကြီးကို အသိပေးအပ်ပါတယ်။ဒီလို ပါတီကို ကြည့်တဲ့အခါ  အဲ့ဒီပါတီရဲ့ သဘောတရားမူဝါဒ၊ လုပ်ငန်းစဉ်၊ လမ်းစဉ်တွေ ၊ကျောထောက်နောက်ခံပြုမှုတွေ၊ ရန်ပုံငွေထောက်ပံ့မှုတွေ၊ ကိုယ်စားပြုမှုတွေကို အသေအချာမြင်အောင် ကြည့်စေလိုပါတယ်။လူကိုကြည့်တဲ့အခါ သီလ၊ သမာဓိ၊ ပညာပြည့်စုံမှု၊ ဗြဟ္မစိုရ်တရားကျင့်ကြံမှု သို့မဟုတ် ပြည့်စုံမှု၊ နိုင်ငံရေးအတွေ့အကြုံ 'သဘော' ရင့်ကျက်မှုတို့ကို အလေးထားကြည့်ကြစေလိုပါတယ်။

အဲ့သလို ပါတီရောလူကိုပါ၊ အသေချာကြည့်ရှု လေ့လာဆန်းစစ်သုံးသပ်ပြီးမှအဆုံးအဖြတ်ပြု ရွေးချယ်ကြစေလိုပါကြောင်း အနူးအညွတ်တိုက်တွန်းရင်း-

ကိုယ်စိတ်နှစ်ပါး ချမ်းသာကြပါစေကြောင်း- 

ဗြဟ္မစိုရ်တရားအခြေပြူ ဒီမိုကရေစီနှင့်စနစ် မြန်မာရော ကမ္ဘာပေါ်အမြစ်တွယ်ပြန့်ပွားပါစေလို့ ဆုမွန်ကောင်းတောင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား။

ဒီၤမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ

 ၁။  ပါတီအမည်  -  ဒီၤမိုကရေစီနှင့်ငြိမ်းချမ်းရေးပါတီ
 ၂။  ပါတီအမည်(English)  -  Democracy and Peace Party
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၄-၅-၂၀၁၀
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၁၇ ဦး
 ၅။  

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးစိုးမောင်၊ ဦးလှမျိုးမြင့်
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၆.၅.၂၀၁၀
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၁၃.၅.၂၀၁၀
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၂၄-၅-၂၀၁၀
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၁၄)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  ဦးစိုးမောင်၊ ဦးမျိုးညွန့်(ထွေ/မှုး)
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  

 အမှတ် (၁၅၁)၊ဒုတိယထပ်၊ ၃၈ လမ်း (အလယ်)၊ ကျောက်တံတားမြို့နယ်၊ရန်ကုန်တိုင်းဒေသကြီး

 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -

 ၀၉-၇၃၀၈၂၄၅၁၊ ၀၉-၇၃၂၀၄၈၃၆(ဦးစိုးမောင်)၊ ၀၉၇၃၁၃၃၇၇၇

 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly