မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်များကို ဟောပြောတင်ပြ

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်များကို ဟောပြောတင်ပြ

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊လုပ်ငန်းစဉ်စသည်တို့ကို စက်တင်ဘာ ၁၁ ရက်နေ့ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

အဆိုပါဟောပြောတင်ပြချက်အပြည့်စုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

မွန်ဒေသအတွင်းရှိ တိုင်းရင်းသားပြည်သူ ပြည်သားများအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ဂါရဝပြုလိုက်ပါတယ်မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲ၌ မွန်ကိုကိုယ်စားပြုသည့် ပါတီတစ်ခုရှိသင့်တယ်၊ ရှိလျှင်လည်း တစ်ခုတည်းသာရှိသင့်တယ် ပြည်သူတို့၏ဆန္ဒနှင့်အညီ ၂၀၁၀ခုနှစ်ဧပြီလ ၇ ရက်နေ့တွင် ပါတီကိုစတင်တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၏နိုင်ငံရေးဝါဒသဘောထားကို တင်ပြပါမယ်-

(၁) ပြည်သူတစ်ရပ်လုံးဒီမိုကရေစီနှင့်လူ့အခွင့်အရေးအပြည့်အဝရရှိလာစေရန်၊

(၂) တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပေါ်ပေါက်လာစေရန်၊သားစည်းလုံးညီညွတ်ရေးကို တည်ဆောက်ရန်၊

(၃)စစ်မှန်သော ပါတီစုံဒီမိုကရေစီနစ် ဖြစ်ပေါ်ပေါက်လာစေရန်

(၄) စစ်မှန်သော ပြည်ထောင်စုပေါ်ထွန်းတည်တံ့ခိုင်မြဲရန်၊

(၅) အဂတိလိုက်စားမှုများနှင့်အကျင့်ပျက်ခြစားမှုများကို တိုက်ဖျက်သွားရန်၊

(၆) လူမှုဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားရန်၊

(၇) ငြိမ်းချမ်းသော ကမူဘာ့လူနေမှုုစနစ်ထွန်းကားလာရေးဆောင်ရွက်သွားရန်။

တို့ဖြစ်ကြပါတယ်။

ဒါ့ပြင် ပါတီ၏မူဝါဒအတိုင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည်လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူခြင်းတည်းဟူသော လောကပါလတရားနှင့်အညီ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည့်အပြင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ တိုင်းရင်းသားတန်းတူရေး၊ ဒီမိုကရေစီထွန်းကားရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် အပြည့်အဝအာမခံချက်ရရှိလာအောင် ကိုယ်စွမ်း၊ဉာဏ်စွမ်းရှိသရွေ့ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။

တစ်ဖန် ၂၀၀၈အခြေခံဥပဒေနှင့်စပ်လျဉ်းပြီး ညီနောင်တိုင်းရင်းသားပါတီများ၊ မဟာမိတ်ပါတီများ၊ ဒီမိုကရေစီအင်အားစုများ၊ အရပ်ဘက်လူမှုအဖွဲ့ အစည်းများ၊ပြည်သူလူထုများနှင့် အခြားသောပြည်တွင်းပြည်ပတတ်သိပညာရှင်များတို့နှင့် လက်တွဲပူးပေါင်းညှိနိုင်းတိုင်ပင်ဆွေးနွေးပြီး တည်ဆဲဥပဒေများနှင့်အညီပြင်ဆင်သွားနိုင်ရန် တစိုက်မတ်မတ် ကြိုးစားသွားမည်ဖြစ်ပါတယ်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ၌လွှတ်တော်အသီးသီးတွင် ကိုယ်စားလှယ်ပေါင်း ၃၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မွန်ဒေသအတွင်းရှိပြည်သူလူထု တို့တစ်ခဲနက်ထောက်ခံ မှုကြောင့် ၁၆ ဦးအနိုင်ရရှိခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ် အထိုက်အလျောက်ရရှိထားသည့်အတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဖြစ်သော လမ်း၊ တံတား၊ ဆည်မြောင်းတာတမံများ ၊ဆေးရုံဆေးခန်းများ ၊ကျေးရွာလျှပ်စစ်မီးရရှိရေး လုပ်ငန်းများကို အကောင်ထည်ဖော်နိုင်ခဲ့ပါတယ်။ သိမ်းဆည်းလယ်ယာမြေများနှင့် ပတ်သက်ပြီးတော့ မူလပိုင်ရှင်များ ပြန်လည်ရရှိနိုင်ရန်ဆောင်ရွက်ရာ၌ အထိုက် အလျောက်အောင်မြင်ခဲ့သည့်အပြင် အစိုးရကျောင်းများတွင် မူလတန်းအဆင့်၌ ကျောင်းချိန်အတွင်း တိုင်းရင်းသားစာပေ၊ မွန်စာကို စနစ်တကျသင်ကြားနိုင်ရေးအအတွက်အထူးဆောင်ရွက်ခဲ့ပါတယ်။

ဒါတင်မကသေးပါ၊ ရှေးဟောင်းမွန်မြို့ပြနိုင်ငံဖြစ်သော သုဝဏ္ဏဘူမိသထုံမြို့ဟောင်းကို ပြန်လည်တူးဖေနိုင်ရေးအတွက်ဆောင်ရွက်ခဲ့သည့်အပြင် ရှေးဟောင်းမွန်မြို့ပြ စာတမ်းဖတ်ပွဲ များဖြစ်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့သည့်အတွက် မွန်တို့၏ရှေးဟောင်းသမိုင်းကိုလည်းဖော်ထုတ်ပေးနိုင်ခဲ့ပါတယ်။

ဒါ့အပြင် မွန်တစ်မျိုးသားလုံး ညီညွတ်ရေးသည် မွန်လူမျိုးများအတွက်အဓိကလိုအပ်ချက်ဖြစ်သည်ကို မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီမှ အလေးအနက်ယုံကြည်ထားပါတယ်။ ပါတီမူဝါဒလုပ်ငန်းစဉ်များနှင့် မဆန့်ကျင်လျှင်မည်သည့်အဖွဲ့အစည်းနှင့်မဆို လက်တွဲပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါတယ်။ သို့သော် ညီညွတ်ရေးဆိုသည်မှာ အလျင်စလိုနှင့် အချိန်တိုအတွင်းတည်ဆောက်နိုင်မည်မဟုတ်ရာ အခြေအနအချိန်ခါနှင့် လိုက်လျောညီထွေဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ညီနောင်တိုင်းရင်းသားများချစ်ခင်ရင်းနှီးစွာ အတူတကွလက်တွဲပူးပေါင်းပြီး တန်းတူ၍ တရားမျှတသည့်မူလ အခွင့်အရေးများရရှိနိုင်ရန် တိုင်းရင်းသားနိုင်ငံရေးပါတီပေါင်း ၂၂ ပါတီဖြင့် ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်းကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။

ကျွန်ုပ်တို့ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီသည် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ရက်နေ့တွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ဆက်လက်ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ပါတယ်။ အခြေခံဥပဒေ ပါ ပြည်နယ်ဥပဒေပြုခွင့်အာဏာပိုမိုရရှိနိုင်ရေး၊ ပြည်နယ်ဝန်ကြီးချုပ်ကို ပြည်နယ်လွှတ်တော်မှ တိုက်ရိုက်ရွေးချယ်တင်မြှောက်နိုင်ရေး၊ အစိုးရကျောင်းများတွင် အလယ်တန်းအဆင့်ထိကျောင်းချိန်အတွင်း မွန်စာသင်ကြားနိုင်ရန်နှင့် ဒေသအတွင်းတက္ကသိုလ်ကောလိပ်များတွင် မွန်စာဌာနများဖွင့်လှစ်နိုင်ရေး၊ မွန်ဒေသအတွင်းရှိ အစိုးရဌာနရုံးများတွင် မွန်လူမျိုးဝန်ထမ်းခန့်အပ်နိုင်ရေး၊ ကျန်ရှိနေသေးသည့် သိမ်းဆည်းလယ်ယာမြေများ အပြည့်အဝပြန်လည်ရရှိနိုင်ရေးနှင့် ပြည်နယ်အကျိုး၊ ပြည်ထောင်စုအကျိုး၊ ပြည်သူလူထုအကျိုးရှိစေမည့် လုပ်ငန်းများကိုလည်း အခြေအနေအချိန်အခါနှင့်အညီ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နိုင်ငံတော်တွင် အချင်းချင်းအပြန်အလှန်တန်ဖိုးထားမှု၊ယုံကြည်မှုုအပေါ်အခြေခံသည့် ငြိမ်းချမ်းရေးကို တည်ဆောက်ရာတွင်လည်း တိုင်းရင်းသား အားလုံးနည်းတူ မွန်တိုင်းရင်းသားများလည်း တစ်တပ်တစ်အား ပါဝင်သွားမည်ဖြစ်ကြောင်းလေးစားစွာ တင်ပြအပ်ပါတယ်။

အချုပ်အားဖြင့် ကျွနု်ပ်တို့၏မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည်မိမိပါတီ၏ နိုင်ငံရေး သဘောထားနှင့်အညီ မူလလုပ်ငန်းဆောင်တာများကိုလက်ရှိအတိုင်း ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်သည့် အပြင် မွန်ဒေသနှင့်မွန်တစ်မျိုးသားလုံးအတွက် ကိုယ်စားပြုရပ်တည်ပြီး ပြည်သူတို့အတွက်ဆတက်ထမ်းပိုးဆောင်ရွက်သယ်ပိုးသွားမည်ဖြစ်ကြောင်း အဓိဋ္ဌာန်ပြုအပ်ပါတယ်။

တိုင်းရင်းသားပြည်သူအပေါင်းတို့ခင်ဗျား-

ကျွန်ုပ်တို့မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကိုယ်စား တိုက်တွန်းပြောကြားလိုသည်မှာအကြောက်တရားကင်းဝေးပြီး ချစ်ကြည်ရင်းနှီးစွာ ငြိမ်းငြိမ်းချမ်းချမ်းအတူတကွ အသက်ရှင်နေထိုင်သွားကြမည့် လူ့အဖွဲ့အစည်းကြီး ဖြစ်ပေါ် လာစေရန်နှင့် သင့့်ရဲ့မျှော်လင့်ချက် ပြည့်ဝဖို့ ''မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ'' ကို ''မဲ'' ပေးစို့.....

တိုင်းရင်းသားပြည်သူအပေါင်း ကာယသုခ၊ စိတ္တသုခချမ်းသာနှစ်ဖြာသော အကျိုးတရားတွေနှင့်  ပြည့်စုံနိုင်ကြပါစေ ဆုတောင်းကောင်းပြုလိုက်ပါတယ်။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ

  • လွတ်လပ်ခွင့်အတွက် လူတိုင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ကို မဲပေးကြပါ၊
  • တန်းတူညီမျှရေးအတွက် လူတိုင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို မဲပေးကြပါ။
  • တရားမျှတရေးအတွက် လူတိုင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို မဲပေးကြပါ။
  • အခွင့်အရေးအမှန်ပေါ်ပေါက်ရန်အတွက် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီကို မဲပေးကြပါ။
  • ပြောင်းလဲဖို့ဟေ့ ပြည်သူ့ပါတီဟေ့ အိုပြည်သူ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ။

မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ

 ၁။  ပါတီအမည်  -  မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ
 ၂။  ပါတီအမည်(English)  -  All Mon Regions Democracy Party
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၃၀-၄-၂၀၁၀
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၁၅ ဦး
 ၅။  

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးငွေသိန်း၊ ဦးနိုင်လှအောင်
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၄.၅.၂၀၁၀
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၁၄.၅.၂၀၁၀
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၂၄-၅-၂၀၁၀
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၁၃)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  ဦးငွေသိန်း၊ ဦးထွန်းရီ(ခ)မင်းနွယ်စိုး(ထွေ/မှုး)
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  

 ခြံအမှတ်(၂၂၇)၊ ၉၆)လမ်း၊ မြိုင်သာယာမြို့ သစ်၊မော်လမြိုင်မြို့နယ်၊မွန်ပြည်နယ်။

 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  

၀၉-၅၃၂၁၄၁၇(ဦးငွေသိန်း)၊

၀၉၈၇၃၀၉၆၄(ဦးနိုင်လှအောင်)၊ ၀၉၄၂၅၂၆၆၂၉၇(စံတင်)

 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly