အကျင့်ပျက်ခြစားမှု စစ်ဆေးမှုများကြား အီဂျစ်အစိုးရအဖွဲ့နှုတ်ထွက်

အကျင့်ပျက်ခြစားမှု စစ်ဆေးမှုများကြား အီဂျစ်အစိုးရအဖွဲ့နှုတ်ထွက်

အီဂျစ်အစိုးရအဖွဲ့ နှုတ်ထွက်ပြီြုဖစ်ပြီး သီတင်းတစ်ပတ်အတွင်း ကက်ဘိနက်ဝန်ကြီးများအဖွဲ့သစ်ကို ဖွဲ့စည်းရန်အတွက် ရေနံဝန်ကြီးဌာန ဝန်ကြီးဖြစ်သူအား တိုက်တွန်းထားကြောင်း သမ္မတအဗ္ဗဒူဖာတက်ရှ် အယ်စီစီ၏ ရုံးက ထုတ်ပြန်သည်။

အစိုးရအဖွဲ့ နှုတ်ထွက်ခြင်းအတွက် မည်သည့်အကြောင်းပြချက်ကိုမျှ မဖော်ပြပေ။

သို့သော် ယခုကဲ့သို့ အစိုးရသစ်ဖွဲ့စည်းရန် ဖြစ်လာခြင်းသည် အကျင့်ပျက်ခြစားမှု အရှုပ်အရှင်းများကြောင့်ဖြစ်ရသည်ဟု အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်က အီဂျစ်စိုက်ပျိုးရေးဝန်ကြီးအား အကျင့်ပျက်ခြစားမှုစစ်ဆေးမှုများအရ ဖမ်းဆီးခဲ့သည်။

သမ္မတရုံးထုတ်ပြန်ချက်တွင် အစိုးရအဖွဲ့နှုတ်ထွက်ခြင်းကို ဝန်ကြီးချုပ်ဖြစ်သူ အီဘရာဟမ်မာလက်က သမ္မတထံသို့ တင်ပြကာ သမ္မတကလည်း လက်ခံလိုက်ပြီဖြစ်ကြောင်း ဖော်ပြထားသည်။

ကက်ဘိနက်အဖွဲ့သစ်အား သီတင်းတစ်ပတ်အတွင်း ပြန်လည်ဖွဲ့စည်းရန်အတွက် ရာထူးမှ နှုတ်ထွက်ပြီးဖြစ်သည့် ရေနံဝန်ကြီး ရှာရစ်အစ္စမေးလ်အား သမ္မတက တာဝန်ပေးထားကြောင်း ထုတ်ပြန်ချက် တွင်ဖော်ပြသည်။

နှုတ်ထွက်ပြီဖြစ်သည့် အစိုးရအဖွဲ့အနေဖြင့် အစိုးရကက်ဘိနက်ဝန်ကြီးအဖွဲ့သစ် မဖွဲ့စည်းနိုင်သေးချိန် အိမ်စောင့်အစိုးရအနေဖြင့် တာဝန်ယူမည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly