ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီက ၄င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီက ၄င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော်  စက်တင်ဘာ ၉ ။           ။ ပအိုဝ်းအမျိုးသားအဖွဲ့ (PNO)ပါတီ ဗဟိုကော်မတီဝင် ဒေါ်နန်းခမ်းဗွာက ၎င်းတို့ပါတီ၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ်စသည်တို့ကို စက်တင်ဘာ ၉ ရက် ညပိုင်းက ရေဒီယိုနှင့်  ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

အဆိုပါဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-ဖြစ်ပါသည်လေးစားအပ်ပါသော မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် မြန်မာ့ရုပ်မြင်သံကြားအား ကြည့်ရှုသော မိဘပြည်သူအပေါင်း တို့အားလုံးကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေကြောင်းရှေ့ ဦးစွာဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင့်။ ကျွန်မကတော့ ပအိုဝ်းအမျိုးသားအဖွ့ဲ (PNO)ပါတီမှ ဒေါ်နန်းခမ်းဗွာ ဖြစ်ပါတယ်ရှင့် ဒီကနေ့မြန်မာရုပ်မြင်သံကြားနှင့် မြန်မာ့အသံထုတ်လွင့်မှု အစီစဉ်မှာ မြန်မာနိုင်ငံအတွင်းရှိ မှီတင်းနေထိုင်လျှက်ရှိသော တိုင်ရင်းသားမိဘပြည်သူ များသိရှိနိုင်ရန် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီ၏ မူဝါဒ၊ ရှေ့လုပ်ငန်းစဉ်များကို တင်ပြသွားမှာဖြစ်ပါတယ်ရှင့်။ ကျွန်မတို့ပါတီရဲ့ မှုဝါဒ၊ ရှေ့လမ်းစဉ်များမတင်ပြမီ မအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီအကြောင်းကို အကျဉ်းမျှ တင်ပြလိုပါတယ်ရှင့်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီဟု အမည်ပြုခဲ့သာ်လည်းလွတ်လပ်ရေးကြိုးပမ်းစဉ်ကာလမှ ယနေ့မျက်မှောက်ကာလအထိ အတူနေတိုင်းရင်းသားများရဲ့ အကျိုးကိုကျောသားရင်သား မခွဲခြားဘဲ အေးအတူပူအမျှ မျှတသောအကျိုးများ ဆောင်ကြဉ်းပေးလျက်ရှိကြောင်းကို ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ပအိုဝ်းလူမျိုးအများစု နေထိုင်ရာဒေသရဲ့ စီးပွားရေး၊လူမှုရေး၊ လုံခြုံရေး၊ စသည့်နိုင်ငံရေးလိုအပ်ချက်များမှုအပေါ် လေ့လာခြင်းဖြင့် မျက်မြင်ကိုယ်တွေ့ မြင်တွေ့နိုင်ပါတယ်။

လေးစားအပ်ပါသော မြန်မာနိုင်ငံသူ နိုင်ငံသား မိဘပြည်သူအပေါင်းနှင့် ပအိုဝ်းပြည်သူလူထုအပေါင်းတို့ရှင့်ကျွန်မတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီဖွဲ့စည်းရခြင်းရဲ့ ခံယူချက်သုံးချက်ရှိပါတယ်။ အဲဒီခံယူချက်များကတော့-

(၁) ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်ခြာအဏာတည်တံ ခိုင်ြ်မဲေးရးဟူသောဖွဲ့ စည်းပုံအခြေခံဥပဒေပါပြဒါန်းချက်နှင့်အညီ အစဉ်တစ်စိုက်ခံယူစောင့်ထိန်းသွား မှာဖြစ်ပါတယ်။

(၂) ပအိုဝ်းတိုင်းရင်းသားများသည် အခြားညီနောင်တိုင်းရင်းသားများနှင့်အတူ ပြည်ထောင်စုတွင်းအေးတူပူအမျှ တရားမျှတခြင်း ၊ လွတ်လပ်ခြင်း ညီမျှခြင်းတည်းဟူသော လောကပါလတရားနှင့် အညီ ငြိမ်းချမ်းသာယာဝပြောရေးကို စဉ်ဆက်မပြတ်ခံယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။

(၃) နိုင်ငံတော်အတွင်း လူမျိုးရေးတန်းတူညီမှုဖြင့် မည်သည့်နေရာ၊ မည်သည့်ဒေသတွင် နေထိုင်စေကာမူ စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြင့် ပြည်ထောင်စုစိတ်ဓါတ်ကို ခိုင်မြဲစွာ မွေးမြူလျှက် ထာဝစဉ် စည်းလုံးညီညွှတ်စွာ လက်တွဲနေထိုင်ပြီး ပါတီစုံဒီမိုကရေစီစနစ် ဖွံ့ဖြိုးတိုးတက်ရှင်သန်လာအောင်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဆက်လက်၍ ကျွန်မတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီရဲ့ နောက်ခံသမိုင်းကို တင်ပြလိုပါတယ်ရှင့်-

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံမှာ တိုင်းရင်းသားလူမျိုးပေါင်း ၁၃၅ကျော်ရှိပြီး လက်ရှိမြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများအနက် ပအိုဝ်းတိုင်းရင်းသားဟာ သတ္တမမြောက်လူသီးရေအများဆုံးလူမျိုးဖြစ်ပါတယ်။ ရှမ်းပြည်နယ် ကယားပြည်နယ် မွန်ပြည်နယ် ကရင်ပြည်နယ် ပဲခူးတိုင်းဒေသကြီးတွေမှာ ပျံနှံစွာနေထိုင်လျှက်ရှိပြီး ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့မှာ ဒုတိယလူဦးရေအများဆုံး လူမျိုးဖြစ်ပါတယ်

အင်္ဂလိပ်နယ်ချဲ့ တော်လှန်ရေး၊ ဖက်ဆစ်ဂျပန်တော်လှန်ရေးနှင့် လွတ်လပ်ရေးကြိုးပမ်းမှုတွေမှာ ပအိုဝ်းအမျိုးသားတွေဟာ နိုးကြားတက်ကြွစွာပါဝင်ခဲ့ပြီး မြန်မာ့လွတ်လပ်ရေးပန်းတိုင်တစ်ခုဖြစ်တဲ့ ပင်လုံစာချုပ်မှာ ပအိုဝ်းအမျိုးသားခေါင်းဆောင်ဦးဖြူက ပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒုတိယကမူဘာစစ်အပြီး ကမူဘာတစ်ဝန်း လူမျိုးအသီးသီးတို့မှ နိုင်ငံရေးနိုးကြားတက်ကြွလာရာ ပအိုဝ်းတိုင်းရင်းသားများသည်လည်း ၁၉၄၇ ခုနှစ်တွင် ပအိုဝ်စုစည်းအဖွဲ့ခေါ် ပအိုဝ်လွောင်းဗွူးအဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ပါတယ်။အဲဒီနောက် ၁၉၅၀ ပြည့်နှစ်မှာ ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ)အမြည်ဖင့် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ရွေး ကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ ၁၉၅၂ ခုနှစ် ၊ ၁၉၅၆ ခုနှစ် ၁၉၆၀ ပြည်နှစ် ၁၉၉၀ ပြည့်နှစ်တွေမှာ ပါလီမန်အမတ်သုံးဦးစီ ရွေးကောက်တင်မြှောက်ခြင်းခံခဲ့ရပါတယ်။

၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နဂိုမူလတည်ရှိသော ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ ချုပ်ဂ(ပအမဖ)နငှ့် ငြိမ်းချမ်း ရေးအဖွဲ့ဖြစ်သည့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)တို့ ပူးပေါင်းကာ ၂၀၁၀ ပြည့်နှစ် မတ်လ ၂၄ ရက်နေ့နှင့်၂၅ ရက်နေ့တို့မှာတောင်ကြီးမြို့ပအိုဝ်း အမျိုးသားများပိုင်အဆောက်အအုံတွင် ညီလာခံခေါ်ယူကျင်းပပြီးအများ သဘောတူညီမူြင့် ပြည်ထောင်စုပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(ပအမဖ)၏ နိုင်ငံရေးလမ်းစဉ်ကို အမွေခံယူ၍ပါတီအမည်ကိုပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီအမြည်ဖင့်ပြန်လည်ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီအနေဖြင့် လွတ်တော်အမတ် ၁၀ ဦး သည် ပအိုဝ်းလူမျိုးမျာူးနှင့် ဒေသခံများ၏ စည်းလုံးညီညွတ်မှု များကြောင့် ကြီးမားသော အောြင်မင်မူရရှိခဲ့ပါတယ။် ရွေးကောက်တင်မြောက်ခြင်းခံရသော ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီကိုယ်စားပြု လွတ်တော်ကိုယ်စားလှယ်များ သည်လည်း လွတ်တော်ထဲ တွင်သော်လည်းကောင်း၊ လွှတ်တော်ပြင်ပ ဒေသဖွဲ့ဖြိုးရေးလုပ်ငန်းများတွင် သော်လည်းကောင်း တာဝန်ကျေပွန်စွာဖြင့်ဆောင်ရွက်ခဲ့ကြသည်ကို ဒေသခံမိဘပြည်သူလူထုများ သိရှိပြီးဖြစ်ပါတယ်။လူထုများ သိရှိပြီးဖြစ်ပါတယ်။

ကျွန်မတို့ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ရဲ့ရည်ရွယ်ချက်အချုပ်ကိုတင်ပြရမယ်ဆိုရင်ဖြင့် ပြည်ထောင်စု တိုင်းရင်းသားလူမျိုးများအားလုံးတန်းတူရည်တူ အပြန်အလှန်လေးစားတန်ဖိုးထားကာ စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ကို ထာဝစဉ်ရှင်သန်စေပြီး ဥပဒေဘောင်အတွင်း အေးအတူပူအမျှအတူတကွ နေထိုင်ကာမြို့ပြနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်ရာတွင် ဟန်ချက်ညီညီဖြင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်ကာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး   ထာဝရအဓွန့်ရှည်   တည်တံ့ခိုင်မြဲအောင် သွေးစည်းညီညွတ်စွာ စုပေါင်းအတူတကွ လက်တွဲနေထိုင်ကြရန် ဖြစ်ပါတယ်။

ဆက်လက်ပြီး ကျွန်မတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီရဲ့  ရှေ့လုပ်ငန်းစဉ်များအကြောင်း တင်ပြလိုပါတယ်ရှင့်ကျွန်မတို့ ဒီရှေ့လုပ်ငန်းစဉ်များဟာဆိုရင်ကြီးလေးတဲ့ အမျိုးသားရေးတာဝန် ကိုလေးနက်စွာခံယူ၍ ဆူဌမအကြိမ် ပအိုဝ်းအမျိုးသားညီလာခံတွင် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်များဖြစ်ပါတယ်။၎င်းလုပ်ငန်းစဉ် (၉)ရပ် ကတော့-

(၁) ပအိုဝ်တိုင်းရင်းသားအချင်းချင်း  အစဉ်ထာဝရ စည်းလုံးညီညွတ်မူရှှိစေရန် ဦးတည်ဆောင်ရွက်မည်။

(၂) တိုင်းရင်းသားအချင်းချင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကိုစွဲကိုင်ကာ တစ်ဦးပေါ်တစ်ဦး နားလည်မှုဖြင့် အပြန်အလှန်  လေးစားတန်ဖိုးထားပြီး  ထာဝရသွေးစည်း ညီညွတ်မှုရှိစေရန်ဖော်ဆောင် မည်။

(၃) စစ်မှန်သောမျိုးချစ်စိတ် ထာဝစဉ်ရှင်သန်ထွန်းကားစေပြီး မိမိတို့၏ အမျိုးဂုဏ်ဇာတိဂုဏ်ကို သားစဉ်မြေးဆက်ထိ အမွေကောင်း ပေးနိုင်အောင် စီမံဆောင်ရွက်မည်။

(၄) ဒေသတွင်း  မှီတင်းနေထိုင်ကြသော  တိုင်းရင်းသားအားလုံး၏   အခြေခံလူ့အခွင့်အရေးနှင့် ဒီမိုကရေစီအပြည့်အဝရရှိခံစားနိုင် ရေးအတွက် ဆက်လက်ဆောင်ရွက်မည်။

(၅) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိရာ ဒေသတိုင်းရင်းသားပေါင်းစုံတို့၏ စာပေ၊ဘာသာစကား၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းမြှင့်တင်ပြီးယဉ်ကျေးမှု အမွေအနှစ်ဖော်ထုတ်ခြင်းကို အားပေးကူညီမှုဖြင့် ရှေးရှုုဆောင်ရွက်မည်။

(၆) ဒို့တာဝန်အရေး(၃)ပါးကို အလေးထား၍ အခြေခံရမည့် မူများနှင့် အညီဖွဲ့စည်းပုံအခြေခံဥပဒေပါပြဋ္ဌာန်းချက်အရ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တိုးချဲ့ဆောင်ရွက်ပြီး တည်ငြိမ်အေးချမ်း
သာယာသော၊ ဖွံ့ဖြိုးတိုးတက်သောဒေသအဖြစ်ဆောင်ရွက်မည်။

(၇) မိမိတို့ တိုင်းရင်းသားများနှင့် အတူယှဉ်တွဲနေထိုင်သော တိုင်းရင်းသားများအားလုံးကို ဒီမိုကရေစီကျင့်စဉ် ရင့်ကျက်စေရန်နှင့် အားလုံး လက်ခံကျင့်သုံးနိုင်စေရန် လေ့ကျင့်ပေးပြီး တိုင်းရင်းသားများ လိုလားသည့်စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်းလာအောင် ဦးတည်ဆောင်ရွက်မည်။

(၈) ဒေသအတွင်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်မီး စသည့် လူ့အဖွဲ့အစည်း၏ အခြေခံ လိုအပ်ချက်များ ပြည့်စုံကုံလုံမှုရှိအောင် ဆောင်ရွက်မည်။
လက်တွဲဆောင်ရွက်ရေးအတွက် စည်း ရုံးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

(၉) တိုင်းရင်းသား အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုများ ရရှိအောင် အလေးထားဆောင်ရွက်မည်။ စသည်တို့ဖြစ်ပါတယ်။

မဲဆန္ဒရှင် မိဘပြည်သူများရှင့်-

ကျွန်မတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီဟာ အတူယှဉ်တွဲဆောင်ရွက်ရေးအတွက် စည်းရုံးဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ကျွန်မတိုဒေသမှာ ပညာရေးကိုအဓိကထားပြီး စီမံချက်နှင့် ဆောင်ရွက် လာခဲ့ပါတယ်ကျေးရွာအုပ်စုတိုင်း အလယ်တန်းကျောင်း ဖွင့်လှစ်ရေမြို့နယ်တိုင်း အထက်တန်းကျောင်း ဖွင့်လှစ်ရေးနှင့် အထက်ကျောင်းသူ/ ကျောင်း သားများအတွက် ဘော်ဒါဆောင် ဖွင့်လှစ်ရေး ဆိုပြီး ပြည်သူ့လှုပ်ရှားမှုအသွင်ဖြင့် ၁၉၉၁ ခုနှစ်ကစတင်အကောင်အထည်ဖော်ခဲ့ပါတယ်။ ဒီကနေ့ကြည့်မယ်ဆိုရင် ပအိုဝ်းဒေသမှာရှိတဲ့ လူငယ်မောင်မယ်များဟာ အရင်ကနဲ့မတူဘဲ ကျေးလက်ဒေသများရှိ လူငယ်မောင်မယ်များမှ   တက္ကသိုလ်များမှာ တက်ရောက်ပညာသင်ယူနေသည်ကို များစွာတွေ့မြင်ပြီး တက္ကသိုလ်ဘွဲ့ရတွေလည်း တိုးတက်လာလျက်ရှိပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်မူကဏ္ဍ စတဲ့လူမူရေးလုပ်ငန်းများကိုလည်း ၂၀၁၀ ပြည့်နှစ်မှာ ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်များရဲ့ကြိုးစား အားထုတ်မှုကြောင့် အခန်းကဏ္ဍပေါင်းစုံတိုးတက်လာပြီး ကျန်ရှိသည့် သက်တမ်းကာလမှာလည်း ဆက်လက်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပါတယ်။

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီမှလွှတ်တော်ကိုယ်စားလှယ်များရဲ့ကြိုးစားမှုကြောင့် ရရှိလာသည့်အကျိုးကျေးဇူးကို ပအိုဝ်းလူမျိုးတစ်ဦးတည်း သာခံစားရရိခြင်း မဟုတ်ဘဲ ဒေသတွင်းမှာ အတူယှဉ်တွဲနေထိုင်တဲ့ ညီနောင်တိုင်းရင်းသားများအားလုံး ခံစားရရှိနေရတာကိုတွေ့မြင်ကြပြီးဖြစ်ပါတယ်။ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပါတီဟာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝင်ရောက် ယှဉ်ပြိုင်မည်မဟုတ်ဘဲ ပအိုဝ်းတိုင်းရင်းသားအများစုရှိသည့် ဒေသများမှာသာ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ကျွန်မတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) ပါတီမှ ကိုယ်စားလှယ်များ အနိုင်ရရှိပါက လွတ်တော်ထဲမှာ တိုင်းရင်းသားများ ရသင့်ရထိုက်သည့် တန်းတူအခွင့်အရေးများကို ကြိုးစားဆောင်ရွက်ပေးသွားမှာဖြစ်သကဲ့သို့ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရန်အတွက် လွှတ်တော်တွင် ရောက်ရှိလာမည့် ကိုယ်စားလှယ်များ အားလုံးနှင့်ပူးဒပေါင်း ဆောင်ရွှက်သွားမှာဖြစ်ပါတယ။် ထိုအတူ အသစ်ဖွဲ့စည်းမည့်အစိုးရအသစ်ပူးပေါင်း ပြးီ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

လေးစားအားထားရပါသော မဲဆန္ဒရှင်-

မိဘပြည်သူများရှင့်မိဘပြည်သူများအားလုံးကို ပန်ကြားလိုတာကတော့ ၂၀၁၅ ခုနှစ်နိူဝင် ဘာလ ၈ ရက်နေ့ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲမှာ ကျွန်မတို့ပါတီ ဝင်ရောက်ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်တွေမှာ ကျွန်မတို့ ကိုယ်စားလှယ်များကို မဲပေးကြဖို့၊ အားပေးကြဖို့အတွက် ပြည်သရဲ့မေတ္တာကို ခံယူပါရစေရှင့်။ကျွန်မတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ပါတီရဲ့အလံဟာ ပအိုဝ်းအမျိုးသားအလံဖြစ်ပြီး ပါတီ၏ အမှတ်တံဆိပ်ကတော့ မိမိတို့ရည်မှန်းထားတဲ့ ရှေ့ခရီးပန်းတိုင်ဆီသို့ တည့်တည့်မတ်မတ်ဦးတည်သွားနေသည့် နဂါးတစ်ကောင်လုံးပုံ ဖြစ်ပါတယ်ရှင့်။ ကျွန်မတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီ ရဲ့ အောင်နိုင်ရေးဆောင်ပုဒ် ကတော့ပအိုဝ်းဘာသာဖြင့် ရပ်ရားလွိုင်းကွိုန့် ယံထင်းထို အွဉ့်သော့မဲး နဂါ့ယိုဖြစ်ပါတယ်ရှင့်။

မြန်မာဘာသာဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ဖို့ နဂါးကိုမဲပေးကြစို့တယ်ရှင့်။

နိဂုံးချုပ်အနေဖြင့် လာမည့် ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ရန် မိမိတို့ တန်ဖိုးရှိလှသော မဲတစ်ပြားကို မှန်ကန်သော အတွေးအခေါ် ပြည့်ဝသောခံယူချက်၊ ထက်သန်သော စိတ်စေတနာနဲ့ ကျွန်မတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)ပါတီရဲ့ လွှတ်တော်အဆင့်ဆင့်မဲပုံးထဲကို မဲထည့်ပေးကြပါရန် လေးစားစွာဖိတ်ခေါ်ရင်းနိဂုံးချုပ်အပ်ပါတယ် ပါတယ်ရှင့်။

ပြည်သူပြည်သားများအားလုံး ရွှင်လန်းချမ်းမြေကြပါစေရှင့်။

ပအိုင်းအမျိုးသားအဖွဲ့ချုပ်(PNO) ပါတီ

 ၁။  ပါတီအမည်  -  ပအိုင်းအမျိုးသားအဖွဲ့ချုပ်(PNO) ပါတီ
 ၂။  ပါတီအမည်(English)  -  Pao National Organization(PNO)
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ၂.၄.၂၀၁၀
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ၁၅ ဦး
 ၅။  

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးစံလင်း၊ ဦးဝင်းကို
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ၂၃.၄.၂၀၁၀
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၆.၅.၂၀၁၀
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၇.၅.၂၀၁၀
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၅)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  ဦးစံလွင်၊ဦးသိန်းဖေ
 ၁၃။  ပါတီနယ်မြေ  -  ပြည်ထောင်စုတစ်ဝန်းလုံး
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၁၈)၊အနောက်မြို့ပတ်လမ်း၊ဈေးပိုင်းရပ်၊တောင်ကြီးမြို့နယ်၊ ရှမ်းပြည်နယ်။
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  ၀၉၄၉၃၆၃၂၈၂
 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly