ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီက ၄င်းကောင်းတို့၏ မှုဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီက ၄င်းကောင်းတို့၏ မှုဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

နေပြည်တော် စက်တင်ဘာ ၉ ။         ။ ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်တ်ရေးပါတီဥက္ကဋ္ဌ ဦးထွန်းနိုင်က  ၎င်းတို့ပါတီ၏  မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၉ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်-လေးစားအပ်ပါသော လုပ်သားပြည်သူအပေါင်းတို့ခင်ဗျာ ကျွန်တော်ဟာကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီရဲ့ ဥက္ကဋ္ဌ ဦးထွန်းနိုင်ဖြစ်ပါတယ်။ ကျွန်တော်တို့ ပါတီဟာ ကိုးကန့်အမျိုးသားများကို အခြေခံပြီး တိုင်းရင်းသားပေါင်းစုံနဲ့   ဖွဲ့စည်းထားတဲ့ ပါတီဖြစ်ပါတယ်။

နိုင်ငံတော်၏  အကျုးိ၊ တိုင်းရင်းသားပြည်သူ အကျိုးဦးထိပ်ထားပြီး ဒေသခံပြည်သူတွေရဲ့များရဲ့အကျိုးဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွားရေး၊ဘာသာရေး အဘက်ဘက်မဖွံ့ဖြိုး တိုးတက်ရေး အတွက် တတ်စွမ်းသမျှဆောင်ရွက်နေတဲ့ ပါတီဖြစ်ပါတယ်။ နိုင်ငံရေးရှု့ထောင့်မှာလည်း တောင်ပေါ်တိုင်းရင်သားများ ပိုမိုခိုင်မြဲတဲ့ ပြည်ထောင်စု စိတ်ဓါတ်ရှင်သန်ပေါက်ဖွားရေးအတွက် စည်းရုံးဆောင်ရွက် တဲ့ပါတီဖြစ်ပါတယ်။

ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုုပ်ခြာအဏာတည်တံ့ခိုင်မြဲရေးဟာ  နိုင်ငံသားတိုင်းရဲ့ ကာကွယ်စောင့်ရှောက်ရမယ့် တာဝန်ရှိကြောင်းကို ကျွန်တော်တို့ ပါတီအနေနှင့် အပြည့်အဝခံယူပါတယ်။

တောင်ပေါ် မြေပြန့်တိုင်းရင်းသားများအားလုံး လိုလားနေသော စစ်မှန်တ ဲ့ ဒီမိုကရေစီနှင့် စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ကသာလျှင် ခောတ်မှီဖွံ့ဖြိုးသောပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မယ်လို့ကျွန်တော်တို့ ပါတီအနေနဲ့ အပြည့်အ၀ ယုံကြည်ပြီး  ပါတီရဲ့ ရည်မှန်းချက်အဖြစ်လည်း ခံယူပါတယ်။

လုပ်သားပြည်သူအပေါင်းတို့လိုလားနေတ့ဲ ပြည်တွင်းငြိမ်းချမ်းရေးကို အမြန်ဆုံးရရှိစေပြီးအေးချမ်းသာယာတဲ့ လူ့ဘောင် လူ့လောကတည်ဆောက်တဲ့နေရာမှာ ကျွန်တော်တို့ ပါတီအနေနှင့် ကျရာကဏ္ဍမှတတ်စွမ်းသမျှ ပါဝင်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း တင်ပြရင်း နိဂုံးချုပ်အပ်ပါတယ် ခင်ဗျား……။

ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ

 ၁။  ပါတီအမည်  -  ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ
 ၂။  ပါတီအမည်(English)  -  Kokang Democaracy and Unity Party
 ၃။  ပါတီတည်ထောင် ခွင့်လျှောက်ထားသည့်နေ့  -  ပုဒ်မ ၂၅ အရလျှောက်ထားခြင်း
 ၄။  လာရောက်လျှောက်ထားစဉ်ပါတီအင်အား  -  ပုဒ်မ ၂၅ အရလျှောက်ထားခြင်း
 ၅။  

လာရောက်လျှောက်ထားစဉ်ခေါင်းဆောင်နှင့်

ဒုတိယခေါင်းဆောင်

 -  ဦးလော်ဆင်ကွမ်း၊ ဦးခင်မောင်အေး
 ၆။  ပါတီတည်ထောင်ခွင့်ပြု့သည့်နေ့  -  ပုဒ်မ ၂၅ အရလျှောက်ထားခြင်း
 ၇။  ပါတီမှတ်ပုံတင်ခွင့်လျှောက်ထားသည့်နေ့  -  ၃၀-၄-၂၀၁၀
 ၈။  ပါတီမှတ်ပုံတင်ခွင့်ပြုသသည့်နေ့  -  ၇-၅-၂၀၁၀
 ၉။  ခွင့်ပြုသည့်ပါတီအမှတ်စဉ်  -  အမှတ်စဉ်(၄)
 ၁၀။  ခွင့်ပြု့သည့်ပါတိအလံ  -  
 ၁၁။  ခွင့်ပြု့သည့် ပါတီတံဆိပ်  -  
 ၁၂။  ပါတီ ဥက္ကဋ္ဌ နှင့်ဗဟိုအလုပ်အမှုဆောင်စာရင်း  -  ဦးထွန်းနိုင်၊ ဦးဇော်ထွန်း(တွင်း/မှုး-၁)
 ၁၃။  ပါတီနယ်မြေ  -  ရှမ်းပြည်နယ်အတွင်း
 ၁၄။  ပါတီ ရုံးချုပ်တည်နေရာ  -  အမှတ်(၂၆)၊ မြဝတီလမ်း၊ နယ်မြေ(၅)၊ ရပ်ကွက်(၁) လာရှိုးမြို့၊ရှမ်းပြည်နယ်။
 ၁၅။  ဆက်သွယ်ရန် ဖုန်း နှင့် ဖက်စ်  -  

၀၉-၅၂၆၂၁၉၅(ဦးလောဆင်ကွမ်း)၊ ၀၉-၆၇၀၀၉၇၁၊

၀၈၂-၂၄၆၂၇(ဖက်စ်)

 ၁၆။  ပါတီ၏ မူဝါဒလမ်းစဉ်များ  -  PDFDownload

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly