အိန္ဒိယတွင် ဂျိန်းဘာသာရေးပွဲကာလအတွင်း အသားရောင်းချခွင့် ယာယီပိတ်ခြင်းအပေါ် ပြည်သူများ ဒေါသထွက်

အိန္ဒိယတွင် ဂျိန်းဘာသာရေးပွဲကာလအတွင်း အသားရောင်းချခွင့် ယာယီပိတ်ခြင်းအပေါ် ပြည်သူများ ဒေါသထွက်

အိန္ဒိယနိုင်ငံ၏ စီးပွားရေးမြို့တော် မွမ်ဘိုင်းမြို့အတွင်း အသားရောင်းချခွင့်များကို ယာယီပိတ်ပင်ထားရာ လူမှုကွန်ရက် တွစ်တာပေါ်တွင် စိတ်ဆိုးဝေဖန်သံများ ထွက်ပေါ်ခဲ့ပြီး မာဟာရာရှာထရာပြည်နယ် တွင်ပြည်နယ်အစိုးရအနေဖြင့်လည်း ဝိရောဓိကွဲပြားမှုများဖြစ်ပေါ်ခဲ့သည်။

အသားရောင်းချခွင့် ပိတ်ပင်မှုတွင် သိုး၊ ကြက်နှင့် ဝက်သားများဖြစ်ပြီး ဂျိန်းဘာသာရေးပွဲတော် ပါယုရှာနာ Paryushana ပွဲတော်အထိမ်းအမှတ်ဖြင့် ယခုကဲ့သို့ ပိတ်ပင်ခြင်းဖြစ်သည်။ မာစာရာရှာထရာ ပြည်နယ်တွင် အမဲသားရောင်းချခွင့်နှင့် စားသုံးခွင့်ကိုပါ ပိတ်ပင်ထားသည်။

သို့သော် မွမ်းဘိုင်း အစွန်ပိုင်း မီရာဘဟာရန်ဒါဒေသအာဏာပိုင်များကမူ လူမှုမီဒီယာများမှ ဆန့်ကျင်တိုက်ခိုက်မှုများ များပြားလာသဖြင့် ရှစ်ရက် အသားရောင်းချခွင့် ပိတ်ပင်ခြင်းကိုနှစ်ရက်သို့ လျှော့ချ သတ်မှတ် ရန် ဆုံးဖြတ်ခဲ့သည်။

ပါယုရှာနာဆိုသည့် စကားလုံး၏ အဓိပ္ပာယ်မှာ တစ်နေရာတည်းတွင် နေထိုင်ခြင်းဟု အဓိပ္ပာယ်ရပြီး ဂျိန်းဘာသာဝင်များအတွက် ဆင်ခြင်သုံးသပ်ခြင်းနှင့် အပြစ်ဆေးကြောခြင်း အချိန်ကာလပွဲတော်ဖြစ်သည်။ မူလက ဂျိန်းဘုန်းတော်ကြီးများ ကျင့်ကြံသည့် အလေ့အကျင့်ဖြစ်သည်။ အဆိုပါ ဘာသာရေးပွဲတော်သည် ရှစ်ရက်တာကြာမြင့်ပြီး ပြင်းထန်သည် ဥပုသ်စောင့်သီခြင်းများ ပြုလုပ်ကြသည်။

မာဟာရာရှာထရာပြည်နယ်အုပ်ချုပ်ရေးတွင် အာဏာရ BJP ပါတီ၏ အဓိကညွန့်ပေါင်းမိတ်ဖက်ဖြစ်သည့် Shiv Sena ပါတီက ယခုအသားရောင်းချခွင့် ပိတ်ပင်ခြင်းကို ဆန့်ကျင်ပြုကြောင်း ပြောသည်။

သတင်းစာများက အယ်ဒီတာအာဘော်များကလည်း အစိုးရက ဘာသာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများတွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုသင့်ကြောင်း အကြံပြုရေးသားကြသည်။

အစိုးရဖက်ကမူ ဂျိန်းဘာသာဝင်များသည် အိန္ဒိယတွင် လူနည်းစုများဖြစ်ကြောင်း၊ လူနည်းစုများကို လေးစားမှုပြခြင်းအဖြစ် ယခုကဲ့သို့ အသားရောင်းချခွင့်ကို ပိတ်ပင်ခြင်းဖြစ်ကြောင်း ပြောသည်။

ဂျိန်းဘာသာသည် လူသတ္တဝါများအပြင် တိရစ္ဆာန်နှင့် သစ်ပင်များတွင်လည်း အသက်ဝိညာဉ်ကိုယ်စီရှိကြကြောင်း ယုံကြည်လက်ခံကြသည်။ ဝိညာဉ်တိုင်းအတွက် တူညီတန်ဖိုးများရှိကြပြီး လေးစားမှုနှင့် အကြင်နာမေတ္တာထားမှုများဖြင့် ဆက်ဆံသွားရမည်ဟု ယုံကြည်သက်ဝင်ထားသည့် ဘာသာဖြစ်သည်။

သို့သော် လူမှုမီဒီယာများတွင်မူ ယခုအသားရောင်းချခွင့်နှင့် ပတ်သက်ပြီး #meatban နှင့် #bantheban စာသားများဖြင့် ပိတ်ပင်မိန့်အပေါ် ဆန့်ကျင်အပြစ်ဆိုလျက်ရှိကြသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly