နီကိုးလ် ကစ်ဒ်မန် Photograph 51 ဇာတ်ကားတွင် ဗြိတိန် သိပ္ပံပညာရှင်အဖြစ် သရုပ်ဆောင်သွားမည်

နီကိုးလ် ကစ်ဒ်မန် Photograph 51 ဇာတ်ကားတွင် ဗြိတိန် သိပ္ပံပညာရှင်အဖြစ် သရုပ်ဆောင်သွားမည်

အော်စကာဆုရှင် နီကိုးလ်ကစ်ဒ်မန်သည် Photograph 51 ဇာတ်ကားတွင် ဗြိတိန်သိပ္ပံပညာ ရှင် ရိုဆဲလ်လင်း ဖရန်ကလင်နေရာမှ ပါဝင်သရုပ်ဆောင်သွားမည် ဖြစ်သည်။

နီကိုးလ်သည် အဆိုပါဇာတ်ကားတွင် ဗြိတိန်သိပ္ပံပညာရှင် ရိုဆဲလ်လင်း ဖရန်ကလင်အဖြစ် သရုပ်ဆောင်သွားမည် ဖြစ်သည်။ ဖရန်ကလင်သည် ၁၉၅၃ ခုနှစ်က ဒီအန်အေ၏ double helix တည်ဆောက်မှု ပုံစံ ရှာဖွေတွေ့ရှိမှုတွင် ပါဝင်ခဲ့သည့် တစ်ဦးတည်းသော အမျိုးသမီးဖြစ်ပြီး ၎င်း သေဆုံးပြီးနောက် နှစ်ပေါင်းများစွာအကြာတွင် အသိအမှတ်ပြုမှု ခံခဲ့ရသည်။

နီကိုးလ်က အဆိုပါဇာတ်ကားတွင် သိပ္ပံပညာရှင်အဖြစ် ပါဝင်သရုပ်ဆောင်ခြင်းသည် ပြီးခဲ့ သည့်နှစ်က ကွယ်လွန်သွားခဲ့သော ဖခင်ဖြစ်သူ ဇဝ ဓာတုဗေဒပညာရှင်၏ အလုပ်ကို ကျေးဇူးဆပ် အသိအမှတ်ပြု သည့်အနေဖြင့် ပါဝင်သရုပ်ဆောင်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စက်တင်ဘာ ၁၂ ရက်သည် ဖခင်ဖြစ်သူ ဒေါက်တာအန်တိုနီကစ်ဒ်မန် ကွယ်လွန်သည့် တစ်နှစ် ပြည့်အခမ်းအနားဖြစ်ကြောင်း နီးကိုးလ်က လန်ဒန်မြို့ရှိ ရုပ်ရှင်ရုံတွင် မိန့်ခွန်းပြော စဉ်ပြောကြား ခဲ့ခြင်းဖြစ် သည်။

“ကျွန်မ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခြင်းဟာ ဖခင်ဖြစ်သူကို ကျေးဇူးဆပ်နိုင်ရုံသာမက ပြည်သူတွေကို သိပ္ပံပညာအကြောင်းကို အသိပညာ ပေးနိုင်မှာဖြစ်ပါတယ်” ဟု နီကိုးလ်က ပြောကြား သည်။

ဖခင်ဖြစ်သူ အလုပ်လုပ်စဉ်က ညီမဖြစ်သူနှင့် ဓာတ်ခွဲခန်းအတွင်း အနုကြည့် မှန်ပြောင်းများနှင့်  ပြွန်ချောင်းများကို စမ်းသပ်ခဲ့သည့် အချိန်များကို ပြန်လည်အမှတ်ရစေကြောင်း နီကိုးလ်က ပြောကြား သည်။

အဆိုပါ ဇာတ်ကားသည် နီကိုးလ်ကစ်ဒ်မန် ၁၉၉၈ ခုနှစ်က ပြဇာတ်ရေးဆရာ  ဒေးဗစ်ဟာရီ ၏ The Blue Room ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပါဝင် သရုပ်ဆောင် မည့်ဇာတ်ကားဖြစ်သည်။

ဖရန်ကလင်းသည် ၁၉၅၈ ခုနှစ်က သားအိမ်ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ကြောင်းနှင့် ကွယ်လွန်ချိန်တွင် အသက် ၃၇ နှစ်သာရှိသေးပြီး  ကွန်လွန်ပြီးနောက်မှသာ ၎င်းရှာဖွေ တွေ့ရှိခဲ့သော ဒီအန်အေ ဖွဲ့စည်းတည်ဆောက်မှု ပုံစံကို အသိအမှတ်ပြုမှု ခံခဲ့ရကြောင်း နီကိုးလ်က ပြောကြားသည်။  ဖရန်ကလင်း သေဆုံးပြီးနောက် လေးနှစ်အကြာ ၁၉၆၂ ခုနှစ်က ဖရန်ကလင်းအလုပ်တွင် ပါဝင်လုပ် ဆောင်ခဲ့သူ ဖရန်စစ်ခရစ်ခ်၊ ဂျိမ်းစ်ဝပ်ဆွန်နှင့် မူရစ်ဝီလ်ကင် တို့သည် Nobel Prize in Medicine ဆုတို့ကို ပူးတွဲ ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly