သြစတြီးယားနှင့် ဂျာမနီသို့ ရွှေ့ပြောင်းအခြေစိုက်သူများ ပို၍ ရောက်ရှိလာ

သြစတြီးယားနှင့် ဂျာမနီသို့ ရွှေ့ပြောင်းအခြေစိုက်သူများ ပို၍ ရောက်ရှိလာ

ဟန်ဂေရီနိုင်ငံက နယ်စပ်သို့ နိုင်ငံရွှေ့ပြောင်းလူအုပ်များကို ဘတ်စ်ကားများဖြင့် နယ်စပ်သို့ အရောက်ပို့ဆောင်ပေးရာ ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းအခြေစိုက်သူများသည် သြစတြီးယားနိုင်ငံတွင်းသို့ ဖြတ်သန်းဝင်ရောက်လျက်ရှိနေပြီဖြစ်သည်။

အစောပိုင်းက ဟန်ဂေရီအစိုးရက ၎င်းတို့အား ရထားဖြင့် ခရီးသွားလာခြင်းကို ပိတ်ပင်ထားခဲ့ခြင်းဖြစ်သော်လည်း များစွာသော ရွှေ့ပြောင်းသူများက သြဂုတ် ၄ ရက်တွင် နယ်စပ်အထိ ခြေလျင်လျှောက်ကာ သွားနေခြင်းများ ရှိလာသဖြင့် ယခုကဲ့သို့ အလျော့ပေးကာ နယ်စပ်အရောက်ကားများဖြင့် ပို့ဆောင်ပေးလာခြင်းဖြစ်သည်။

သြစတြီးယားသို့ ရောက်ရှိလာသူ ရွှေ့ပြောင်းအခြေစိုက်သူပေါင်းမှာ ၄၀၀၀ နီးပါးမျှရှိပြီး ယင်းသို့အနက် အများစုက ဂျာမနီသို့ ဦးတည်သွားကြသည်။ တစ်ချိန်တည်းတွင်ပင် ဒုတိယအုပ်စုတစ်စုကလည်း ဘူဒါပတ်စ်မှ နယ်စပ်အရောက် ခြေလျင်လာရောက်လျက်ရှိနေသည်။

သြစတြီးယားက ရွှေ့ပြောင်းဝင်ရောက်သူများအနေဖြင့် သြစတြီးယားတွင်ဖြစ်စေ၊ ဂျာမနီသို့ ရောက်ရှိပြီးဖြစ်စေ နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားနိုင်ကြောင်း ပြောထားသည်။

ထိုသို့လုပ်ဆောင်မှုသည် နိုင်ငံခိုလှုံခွင့်တောင်းကာ ရွှေ့ပြောင်းဝင်ရောက်ကြသူဦးရေမှာ တစ်ဟုန်ထိုးများပြားလာခြင်း ပြဿ နာကို ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက ဖြေရှင်းရေးအတွက် အသည်းအသန်အဖြေရှာလျက်ရှိစဉ် ဖြစ်ပွားလာခဲ့ခြင်းလည်းဖြစ်သည်။ ယခုရွှေ့ပြောင်းဝင်ရောက်သူအများစုသည် ဆီးရီးယားပဋိပက္ခများမှ ထွက်ပြေးလာကြသူများဖြစ်ကြသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly