မြောက်ကိုရီးယားအနေနဲ့ အာမခံနိုင်တဲ့ ပြန်မတည်ဆောက်နိုင်သော နျူကလီးယား လုံးဝကင်းစင်မှု ဖြစ်ရမယ်လို့ ကုလ ပြော

မြောက်ကိုရီးယားအနေနဲ့ အာမခံနိုင်တဲ့ ပြန်မတည်ဆောက်နိုင်သော နျူကလီးယား လုံးဝကင်းစင်မှု ဖြစ်ရမယ်လို့ ကုလ ပြော

တိုကျို၊ သြဂုတ် ၈ ။         ။ မြောက်ကိုရီးယားနိုင်ငံအနေနဲ့ နျူကလီးယားကင်းစင်ရေးကို ဖော်ဆောင်ရာမှာ အာမခံနိုင်ပြီး ပြန်လည်တည်ဆောက်နိုင်ခြင်း မရှိတဲ့ လုပ်ငန်းစဉ်တွေကနေ လုပ်ဆောင်ရမှာ ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ဖိအားပေးပြောဆိုလိုက်ပါတယ်။

ဂျပန်နိုင်ငံ တိုကျိုမြို့တော်ကို သြဂုတ် ၇ ရက်က ရောက်ရှိပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနဲ့ တွေ့ဆုံမှုအပြီးမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရပ်စ်က ပြောခဲ့တာပဲ ဖြစ်ပါတယ်။

သြဂုတ် ၈ ရက်မှာ ၇၃ နှစ်ပြည့်မြောက်တဲ့ နာဂါစကီ နျူကလီးယား ဗုံးကြဲခံ သေဆုံးသူပြည်သူများ အောင်းမေ့ဖွယ်အခမ်းအနားမှာ ဂူတာရပ်စ်က ပါဝင်တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

"ဒေသတွင်း နျူကလီးယား လုံးဝကင်းစင်ပြီး မြောက်ကိုရီးယားနိုင်ငံဟာ နိုင်ငံတကာ အသိုင်းအဝန်းက ပုံမှန်နိုင်ငံတစ်နိုင်ငံအဖြစ် ရောက်ရှိရေးကို ကျွန်တော်တို့အားလုံး အမြင်သဘောထား ရှိထားပါတယ်။"ဆိုပြီး ရှင်ဇိုအာဘေးနဲ့ တွေ့ဆုံပြီးနောက်မှာ သတင်းထောက်တွေကို ဂူတာရပ်စ်က ပြောလိုက်တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယား နျူကလီးယား ကင်းစင်ရေးမှာ ကုလသမဂ္ဂက အပြည့်အဝ အားပေးဆောင်ရွက်သွားမှာ ဖြစ်ပေမယ့် လုံခြုံရေးကောင်စီရဲ့ မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ကိုင်စွဲထားဦးမှာ ဖြစ်ကြောင်း ၎င်းက အလေးအနက်ထား ပြောခဲ့ပါတယ်။

လုံခြုံရေးကောင်စီဟာ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းဒုံးကျည် စီမံကိန်းတွေကြောင့် နိုင်ငံရေးနဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly