ကိုလံဘီယာသမ္မတအဖြစ် ရှေ့နေချုပ် အီဗန်ဒက် ကျမ်းသစ္စာဆို

ကိုလံဘီယာသမ္မတအဖြစ် ရှေ့နေချုပ် အီဗန်ဒက် ကျမ်းသစ္စာဆို

ဘိုဂိုတာ၊ သြဂုတ် ၈ ။          ။ လာမယ် လေးနှစ်သက်တမ်း ကိုလံဘီယာသမ္မတအဖြစ် တာဝန်ထမ်းဆောင်ရေး ရှေ့နေချုပ်ဖြစ်သူ အီဗန်ဒက်ဟာ သြဂုတ် ၇ ရက်က ဘိုဂိုတာမြို့ ပလာဇာဒီဘိုလီဗာမှာ ကျမ်းသစ္စာဆိုမှု အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။

"ဘုရားသခင်ကို တိုင်တည်ပြီး ကျွန်တော် ကျမ်းဆိုပါတယ်။ ကိုလံဘီယာ ပြည်သူတွေရဲ့ ရှေ့မှောက်မှာ ဖွဲ့စည်းပုံဥပဒေနဲ့ နိုင်ငံရဲ့ ဥပဒေတွေကို အကာအကွယ်ပြုသွားပါမယ်။" လို့ အီဗန်ဒက်က ကျမ်းဆိုခဲ့ပါတယ်။

လွှတ်တော်ဥက္ကဌဖြစ်သူ အန်နက်စတိုမာစီယာက နိုင်ငံတော်အလံအရောင် စလွယ်သိုင်းကြိုးကို အီဗန်ဒက်မှာ ဆင်မြန်းဝတ်ဆင်ပေးပြီး ခုလို ကျမ်းသစ္စာဆိုခဲ့တာလည်း ဖြစ်ပါတယ်။

အသက် ၄၂ နှစ်ရှိ အီဗန်ဒက်အနေနဲ့ ၂၀၁၀ သြဂုတ် ၇ ရက်က စတင်ပြီး သမ္မတသက်တမ်း နှစ်ကြိမ်ထမ်းဆောင်ခဲ့တဲ့ ဂျူအန်မန်နျူရယ်ဆန်တို့စ် နေရာကို ဆက်ခံခြင်းပဲ ဖြစ်ပါတယ်။

အီဗန်ဒက်ရဲ့ ကျမ်းဆိုပြီးနောက်မှာ ဒုတိယသမ္မတအဖြစ် မာတာလူစီယာကို ခန့်အပ်ကျမ်းဆိုစေခဲ့တာကြောင့် ကိုလံဘီယာသမိုင်းမှာ ပထမဆုံး အမျိုးသမီး ဒုတိယသမ္မတလည်း ဖြစ်ပါတယ်။

ခု ကျမ်းဆိုတဲ့ အခမ်းအနားကို လက်တင်အမေရိက နိုင်ငံခေါင်းဆောင်တွေနဲ့ ကမ္ဘာ့နိုင်ငံတွေက ကိုယ်စားလှယ်တွေ အပါအဝင် လူပေါင်း ၄၀၀၀ နီးပါး တက်ရောက်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly