ဘာလင်၊ သြဂုတ် ၈ ။ ။ ဂျာမနီအနောက်တောင်ပိုင်း ဖရီးဘတ်မြို့ အလယ်ကနေ ရေစီးသန်သန်နဲ့ စီးဆင်းတဲ့ မြစ်တစ်မြစ်ဟာဆိုရင် ဒေသတွင်း ရာသီပူပြင်းမှုကြောင့် ခြောက်ခန်းလာတာကို သြဂုတ် ၇ ရက်မှာ တွေ့ရပါတယ်။
ဒရီးဆမ်းမြစ်ဟာ မြစ်ကြမ်းပြင် ကျောက်တုံးကျောက်ခဲတွေ ပေါ်တဲ့အထိ မြစ်ရေ လျော့နည်းကျဆင်းနေတာကို အီးပီအေသတင်းထောက်က ပေးပို့ပါတယ်။
ဂျာမနီမိုးလေဝသဌာနကလည်း နိုင်ငံတစ်လွှားမှာ အပူချိန်မြင့်တက်မယ်လို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
"ဂျာမနီမှာ အပူချိန် မြင့်မားနေတယ်။ မနေ့က သြဂုတ် ၆ ရက်မှာဆိုရင် အပူချိန် ၃၀ နဲ့ ၃၅ ဒီဂရီစင်တီဂရိတ်မှာ ရောက်ရှိနေပါတယ်။ တစ်ခါတစ်ရံ ၃၆ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့တယ်။"ဆိုပြီး မိုးလေဝသဌာနက ထုတ်ပြန်ကြေညာထားပါတယ်။