မူဆလင်လူနည်းစုများအပေါ် အခွင့်အရေးပေးသည့်ဥပဒေ ဒူတာတေးလက်မှတ်ထိုး

မူဆလင်လူနည်းစုများအပေါ် အခွင့်အရေးပေးသည့်ဥပဒေ ဒူတာတေးလက်မှတ်ထိုး

မနီလာ၊ သြဂုတ် ၆ ။            ။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက နိုင်ငံတောင်ပိုင်းက မူဆလင်လူနည်းစုများအရေး အခွင့်အရေးပေးတဲ့ ဥပဒေတစ်ရပ်အား လက်မှတ်ရေးထိုးပြဋ္ဌာန်းခဲ့ပါတယ်။ သမ္မတဒူတာတေးအနေနဲ့ မန်ဒါနာအိုကျွန်းက ခွဲထွက်ရေးလှုပ်ရှားသော ပဋိပက္ခများအားဖြေရှင်းနိုင်ရေးအတွက် အခုလို လက်မှတ်ရေးထိုးလိုက်တာပဲဖြစ်ပါတယ်။

ဘန်ကာဆာမာရိုမူလအရင်းမြစ်ဥပဒေကို ကျွန်တော့်အနေနဲ့လက်မှတ်ရေးထိုးလိုက်တယ်ဆိုတာဟာ မန်ဒါနာအိုပြည်နယ်က လူနည်းစုမူဆလင်တွေရဲ့ အခွင့်အရေးမြှင့်တင်ရေးအတွက်ဖြစ်ပါတယ်”လို့ သမ္မတ ဒူတာတေးက ပြောပါတယ်။

ဖိလစ်ပိုင်တောင်ပိုင်း မန်ဒါနာအိုပြည်နယ် အနေဖြင့် ပြီးခဲ့တဲ့လများက အစ္စလာမ္မစ်ခွဲထွက်ရေးသမားတွေရဲ့ အရှေ့တောင်အာရှမှာ အစ္စလာမ္မစ်နိုင်ငံတော်ထူထောင်ရေး ဆူပူအုံကြွမှုများဖြစ်ပွားခဲ့တဲ့ ပြည်နယ်လည်းဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly