ပထမအကြိမ် ဇိုမီးကျောင်းသားများအသင်း ၂၅ နှစ်မြောက် အခမ်းအနား ကျင်းပ

ပထမအကြိမ် ဇိုမီးကျောင်းသားများအသင်း ၂၅ နှစ်မြောက် အခမ်းအနား ကျင်းပ

ဩဂုတ် ၄၊ ကလေး ။         ။ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ ကလေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ ဩဂုတ်လ ၄ ရက် မနက်ပိုင်းက ပထမဆုံးအကြိမ် ဇိုးမီးကျောင်းသားများအသင်း ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါတယ်။

ချင်းပြည်နယ်ကနေ ကလေးတက္ကသိုလ်ကို လာရောက်ပညာသင်ကြားကြတဲ့ ဇိုမီးကျောင်းသား/သူတွေအတွက် အထိမ်းအမှတ်လေးတစ်ခုဖြစ်စေဖို့ ရည်ရွယ်ပြီး ဒီပွဲကို ကျင်းပရတာ ဖြစ်တယ်လို့ ကလေးတက္ကသိုလ် ဇိုမီးကျောင်းသားများအသင်းဥက္ကဋ္ဌ တာန်လန်ဆွမ်ခိုင်က ဆိုပါတယ်။

ဇိုမီးကျောင်းသူကျောင်းသားတွေရဲ့ အခွင့်အရေး၊ကျန်းမာရေးစတဲ့ ကိစ္စရပ်တွေမှာ ဝိုင်းဝန်းကူညီဆောင်ရွက်ဖို့ အတွက် ဇိုမီးကျောင်းသားများအသင်းကို ၁၉၉၃ ခုနှစ်က စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ပွဲကို တက်ရောက်လာတဲ့ ဇိုမီးကျောင်းသားများအသင်းဟောင်းဖြစ်သူ မိုက်ကယ်ဆွမ်းလျံပေါင်က
“ ကျွန်တော့အနေနဲ့ ကျရာနေရာမှာ အမျိုးဘာသာသာသနာ ယဉ်ကျေးမှုစတဲ့အရာတွေကို ကျောင်းသား အဆက်ဆက်က အားထုတ်နိုင်ခဲ့ပါတယ်”လို့ ဆိုပါတယ်။

ချင်းပြည်နယ်ကနေ ကလေးတက္ကသိုလ်သို့ တက်ရောက်ကြတဲ့ ကျောင်းသားကျောင်းသူတွေ၊ကလေးမြို့ဒေသခံ ဇိုမီးကျောင်းသူ ကျောင်းသားတွေနဲ့ ဇိုးမီးကျောင်းသားများအသင်းကို ဖွဲ့စည်းထားတာပါ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly