လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ဘင်္ဂလားဒေ့ရှ်မှာ လူရာပေါင်းများစွာ ဆန္ဒပြ

လမ်းအန္တရာယ်ကင်းရှင်းရေးအတွက် ဘင်္ဂလားဒေ့ရှ်မှာ လူရာပေါင်းများစွာ ဆန္ဒပြ

ဒါကာ၊ သြဂုတ် ၄ ။         ။ တောင်အာရှ တစ်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် လူရာပေါင်းများစွာဟာ မြို့တော် ဒါကာမှာ ဆန္ဒပြသခဲ့ကြပါတယ်။

ကျောင်းသားတွေနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေရဲ့ စီစဉ်မှုနဲ့ ကလေးသူငယ်တွေ အပါအဝင် လူအင်အား ၅၀၀ နီးပါးဟာ ဒါကာမြို့တော်အတွင်းမှာ ဆန္ဒပြကြတာဖြစ်ကြောင်း အီးပီအေသတင်းထောက်က ပေးပို့ပါတယ်။

လမ်းမတွေပေါ်မှာ ယာဉ်အန္တရာယ် ကင်းရှင်းရေး တိုက်တွန်းချက်တွေကို ဘင်္ဂလီလို၊ အင်္ဂလိပ်လို ရေးသားထားတဲ့ စာတမ်းတွေကို ဆန္ဒပြသူတွေကို ကိုင်ဆောင်ချီတက်ကြတာ ဖြစ်ပါတယ်။

ဇူလိုင် ၂၉ ရက်က ကောလိပ်ကျောင်းသားကျောင်းသူ နှစ်ဦး သေဆုံးပြီး ဒဏ်ရာရသူအချို့ ရှိခဲ့တဲ့ ယာဉ်မတော်တဆမှု နောက်ပိုင်း လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ငါးရက်မြောက် ဆန္ဒပြကြမှုလည်း ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အာရှမှာ လမ်းအန္တရာယ် အဆိုးဆုံး နိုင်ငံတွေထဲက တစ်နိုင်ငံလည်း ဖြစ်ပါတယ်။ အဆင့်အနေနဲ့ ဆိုရင် အာရှမှာ လမ်းအန္တရာယ် အဆိုးဝါးနိုင်ငံအဖြစ် အဆင့် ၁၃ မှာ ရှိနေတဲ့ နိုင်ငံပဲ ဖြစ်ကြောင်း ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ ၂၀၁၇-၁၈ ကမ္ဘာ့လုံးဆိုင်ရာ တိုင်းတာမှုအရ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly