တောင်အာဖရိကမှာ လိင်အကြမ်းဖက်မှုတွေကို ဆန့်ကျင်ပြီး အမျိုးသမီး ထောင်ပေါင်းများစွာ ဆန္ဒပြ

တောင်အာဖရိကမှာ လိင်အကြမ်းဖက်မှုတွေကို ဆန့်ကျင်ပြီး အမျိုးသမီး ထောင်ပေါင်းများစွာ ဆန္ဒပြ

ဂျိုဟန်နက်စဘတ်၊ သြဂုတ် ၂ ။         ။ တောင်အာဖရိကနိုင်ငံ တစ်ဝန်းမှာ အမျိုးသမီး ထောင်ပေါင်းများစွာဟာ လိင်အကြမ်းဖက်မှုတွေကို ဆန့်ကျင်ပြီး သြဂုတ် ၁ ရက်က ချီတက်ဆန္ဒပြကြပါတယ်။

#The TotalShutdown ကမ်ပိန်းအဖွဲ့က နိုင်ငံအနှံ့ ဆန္ဒပြမှုတွေကို စီစဉ်ပြီး စုရုံးချီတက်မှုမှာ ပြည်သူတွေ ပါဝင်ကြဖို့ တောင်းဆိုပါတယ်။

အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ လိင်တူဆက်ဆံသူတွေအပေါ် အကြမ်းဖက်နေမှုတွေ မြင့်မားနေတာကို မီးမောင်းထိုးပြီး ခုလို ဆန္ဒပြကြတာပဲ ဖြစ်ပါတယ်။

အနက်နဲ့ အနီ ဝတ်ဆင်ထားကြတဲ့ ဆန္ဒပြသူတွေဟာ “ငါတို့ရဲ့ ကိုယ်ခန္ဓာက မင်းတို့ ရာဇဝတ်မှု ကျုးလွန်ဖို့ မဟုတ်။”ဆိုတဲ့ စာတမ်းတွေ ကိုင်ဆောင်ချီတက်ကြပါတယ်။

“ငါတို့ တည်ရှိမှုကို လေးစားပါ။ ဒါမှမဟုတ် ငါတို့ တန်ပြန်တာကို မျှော်လင့်ထားပါ။”နဲ့ “လိင်အကြမ်းဖက်မှုတွေ တော်သင့်ပြီ။ အမျိုးသမီးတွေ ပြန်လည်တိုက်ခိုက်ပြီ။”စတဲ့ စာတမ်းတွေကိုလည်း ကိုင်ဆောင်ထားကြပါတယ်။

ကိတ်တောင်းမြို့၊ ပရီတောရီယာနဲ့ ဒါဘင်မြို့တွေ အပါအဝင် နိုင်ငံတဝန်းမှာ ခုလို ဆန္ဒပြကြတာကို တောင်အာဖရိကအစိုးရကိုယ်တိုင်လည်း ကျောထောက်နောက်ခံပြုပေးထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly