လျှပ်စစ်မီးပြတ်တောက်မှုကြောင့် အီရတ်နိုင်ငံသားများ ဆန္ဒပြ

လျှပ်စစ်မီးပြတ်တောက်မှုကြောင့် အီရတ်နိုင်ငံသားများ ဆန္ဒပြ

သြဂုတ် ၁ ။      ။ အီရတ်နိုင်ငံရဲ့ အပူချိန်ဟာ ၅၀ ဒီဂရီ (၁၂၀ ဖာရင်ဟိုက်) အထိ ပြင်းထန်လွန်ကဲနေတဲ့အတွက် ဒေသခံတွေဟာ အအေးဓာတ်ရှိတဲ့နေရာတွေကို လိုက်ရှာပြီး နေနေရတယ်လို့ သိရပါတယ်။

Ali Hussein ရဲ့စားသောက်ဆိုင်မှာတော့ ဧည့်သည်တွေ အေးအေးဆေးဆေးသုံးဆောင်လို့ရအောင် မီးစက်သုံးပြီး လေအေးပေးစက်ဖွင့်ပေးထားပါတယ်။

Ali ဟာ အဆိုပါမီးစက်ကို တစ်လ ၂၂၅၀၀၀ ဒီနာ (အမေရိကန်ဒေါ်လာ ၁၉၀) နဲ့ ငှားထားတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ဆီမှာ တစ်နေ့ကို ၄ - ၅ နာရီပဲမီးလာတာ။”လို့ ဈေးသည် Mouthanna Mehdi က AFP ကိုပြောပါတယ်။

ရာသီဥတုပူအိုက်နေတဲ့အပြင် မီးမလာတဲ့အတွက် ဇူလိုင်လ ၈ ရက်နေ့ကစပြီး အီရတ်မှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“သူတို့ကို လျှပ်စစ်မီးအလုံအလောက်ပေးရင် ကျွန်တော်တို့က ဘယ်လိုလုပ်ပြီး ဓာတ်ဆီရောင်းရတော့မှာလဲ။”လို့ လျှပ်စစ်မီးရရှိလာမှာကို စိုးရိမ်နေတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

လျှပ်စစ်မီးအလုံအလောက်ရအောင် ဆောင်ရွက်ပေးနေတယ်လို့ အာဏာပိုင်တွေက ပြောပေမယ့် ဘာထူးခြားမှုမှ မရှိတဲ့အတွက် ဒေသခံတွေက ဆန္ဒပြနေကြတာဖြစ်ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly