ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေသည့် ယူကရိန်းထောင်များ

ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေသည့် ယူကရိန်းထောင်များ

ဇူလိုင် ၃၁ ။          ။ ပြန်လည်မွမ်းမံဖို့လိုအပ်တဲ့ ယူကရိန်းထောင်တွေထဲမှာ ကိ့ဗ်မြို့တော်၊ လုရာနိဗ့်စဂါပြည်နယ် အကျဉ်းစခန်းလည်းပါဝင်ပါတယ်။

အဆိုပါထောင်ဟာ ဆိုဗီယက်ခေတ်ကတည်းက ရှိခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၁၅၀ ကြာတဲ့အထိ ပြုပြင်ထိန်းသိမ်းမှုတွေ မလုပ်ခဲ့ကြဘူးလို့ သိရပါတယ်။

"ကျိုးပဲ့နေတဲ့နံရံတွေ၊ ပိုးဟပ်တွေ၊ အနံ့အသက်ဆိုးတွေကတော့ မြင်တဲ့အတိုင်းပါပဲ။ ခုတင်လည်းအလုံအလောက်မရှိလို့ အလှည့်ကျအိပ်ရပါတယ်။"လို့ အကျဉ်းသားတစ်ဦးက အေအက်ဖ်ပီကိုပြောပါတယ်။

ပြီးခဲ့တဲ့နှစ်နှစ်က အဆိုပါထောင်ကို ယူကရိန်းအာဏာပိုင်တွေ ပြန်လည်မွမ်းမံဖို့ လုပ်ခဲ့ပေမယ့် ရန်ပုံငွေမလောက်တဲ့အတွက် စီမံကိန်းမဖြစ်မြောက်ခဲ့ဘူးလို့ သိရပါတယ်။

“ပြင်လို့ရတဲ့အဆောက်အဦတွေကိုတော့ ပြင်ပြီးပြီ။ ကျန်တာတွေကိုတော့ ဖြိုပစ်ရမှာပဲ။”လို့ တရားသူကြီး ဒန်စ်ချာနီရှော့ဗ်က အေအက်ဖ်ပီကိုပြောပါတယ်။

"မြို့ပြင်မှာ အကျဉ်းစခန်းအသစ်ဆောက်ဖို့ ကိဗ့်အာဏာပိုင်တွေက လျာထားပေမယ့် ဘာမှအကြောင်းမပြန်သေးပါဘူး။ ကြာရင်တော့ အကျဉ်းသားတွေရဲ့ ကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။ ရန်ပုံငွေမလောက်ငှလို့ မပြင်နိုင်သေးပေမယ့် ရန်ပုံငွေရှိလာလို့ ပြင်ရင်အောင် အကြာကြီးပြင်ရမှာပါ။"လို့ ၎င်းကဆက်ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly