မိုးသည်းထန်မှုကြောင့် လူ ၈၀ သေဆုံးတဲ့ အိန္ဒိယမှာ ရေလွှမ်းတဲ့ ဆေးရုံကြမ်းပြင်မှာ ငါးတွေပါ ကူးခတ်

မိုးသည်းထန်မှုကြောင့် လူ ၈၀ သေဆုံးတဲ့ အိန္ဒိယမှာ ရေလွှမ်းတဲ့ ဆေးရုံကြမ်းပြင်မှာ ငါးတွေပါ ကူးခတ်

နယူးဒေလီ၊ ဇူလိုင် ၃၀ ။            ။ မုတ်သုံမိုးရွာသည်းထန်ပြီး လူ ၈၀ သေဆုံးခဲ့တဲ့ အိန္ဒိယအရှေ့မြောက်ပိုင်းမှာရှိတဲ့ ဆေးရုံတစ်ရုံမှာ ရေလွှမ်းတဲ့ ကြမ်းခင်းတွေပေါ် ငါးတွေပါ ကူးခတ်နေကြောင်း တာဝန်ရှိသူတွေက ဇူလိုင် ၃၀ ရက်မှာ ပြောပါတယ်။

ဘီဟာပြည်နယ်မှာ ရှိတဲ့ နာလန်ဒါဆေးဝါးကောလိပ်ဆေးရုံမှာ လူနာတွေဟာဆိုရင် ရေလွှမ်းနေတဲ့ ကြမ်းပြင်တွေက ကုတင်တွေပေါ် စိတ်ပျက်လက်ပျက် ထိုင်နေကြရပါတယ်။

“မိုးအရမ်းများတော့ ရေပိုက်လိုင်းတွေ ရေမစီးနိုင်အောင်ဖြစ်ပြီး ဆေးရုံကြမ်းပြင်တွေထိ ရေလျှံတက်လာတာ ဖြစ်ပါတယ်။”လို့ ကောလိပ်တစ်ဖြစ်လည်း ဖွင့်ထားတဲ့ ဒီဆေးရုံရဲ့ ဆေးရုံအုပ်ကြီးက အေအက်ဖ်ပီကို ပြောပါတယ်။

အိန္ဒိယနိုင်ငံတစ်ဝန်းမှာ ဇွန်လကနေ စက်တင်ဘာအတွင်း မုတ်သုံကာလတွေမှာ ရေကြီးမှုတွေ ပုံမှန်ကြုံရလေ့ရှိပြီး သေဆုံးပျက်စီးမှုတွေ ရင်ဆိုင်ကြရပါတယ်။

ဒေသမှာ မိုးသည်းသည်းထန်ထန် ရွာသွန်းပြီးနောက်ပိုင်း ဇူလိုင် ၂၆ ရက်က စပြီး အိမ်တွေ၊ နံရံတွေ ပြိုကျမှုမှာ သေဆုံးသူ ၈၀ ရှိခဲ့ကြောင်း ဥတာပရာဒေ့ရှ် ပြည်နယ် ရောဂါစီမံခန့်ခွဲရေးဌာန အကြီးအကဲက ဆိုပါတယ်။

အိမ်နီးချင်းပြည်နယ်တွေမှာလည်း သတိပေးချက်တွေ ထုတ်ပြန်ထားပြီး မြို့တော် နယူးဒေလီမှာ မြစ်ရေတက်မှု စိုးရိမ်ရေမှတ်အထိ ရောက်ရှိနေတဲ့ ယမုံနာမြစ်အနီး ဝန်းကျင်ဒေသက ဒေသခံ ၃၀၀၀ ကျော်ကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly