အင်ဒိုနီးရှားငလျင်ဒဏ်ကြောင့် ပိတ်မိနေသည့် တောင်တက်သမားများအား ဆက်လက်ကယ်ဆယ်

အင်ဒိုနီးရှားငလျင်ဒဏ်ကြောင့် ပိတ်မိနေသည့် တောင်တက်သမားများအား ဆက်လက်ကယ်ဆယ်

ဇူလိုင် ၃၀ ။            ။ အင်ဒိုနီးရှား၊ လမ်ဘော့ခ်ကျွန်းမှာ ငလျင်လှုပ်ပြီးတဲ့နောက် ခရီးသည်တွေကြားမှာ ရေပန်းစားနေတဲ့ ရင်ဂျာနီတောင်ထိပ်ပေါ်မှာ ပိတ်မိနေတဲ့ တောင်တက်သမားတွေကို ရဟတ်ယာဉ်တွေနဲ့ စားရပ်ရိက္ခာတွေ ပို့ပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မနက်ပိုင်းမှာ ပြင်းအား ၆ ဒသမ ၄ ရှိတဲ့ ငလျင်လှုပ်ခဲ့တဲ့အတွက် တောင်တက်သမားတွေအတွက် စိုးရိမ်စရာဖြစ်ခဲ့ရပါတယ်။

“တောင်ပေါ်မှာ လူအယောက် ၅၆၀ လောက် ပိတ်မိနေသေးတယ်။”လို့ ရင်ဂျာနီအမျိုးသားဥယျာဉ်ဦးစီးမှူး စူတီရိုနိုကပြောပါတယ်။

“အဆိုပါပိတ်မိနေတဲ့ ခရီးသည်တွေဟာ အမေရိက၊ ပြင်သစ်၊ နယ်သာလန်၊ ထိုင်းနဲ့ ဂျာမန်လူမျိုးနဲ့ တခြားလူမျိုးတွေဖြစ်လိမ့်မယ်။”လို့ ကယ်ဆယ်ရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“တခြားတောင်တက်သမားအယောက် ၁၀၀ ကိုတော့ တနင်္ဂနွေနေ့ကတည်းက ကယ်ဆယ်နိုင်ခဲ့ပါတယ်။”လို့ အာဏာပိုင်တွေက ပြောပါတယ်။

လမ်ဘော့ခ်ကျွန်းမှာ ဖြစ်ပွားခဲ့တဲ့ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၁၆ ယောက်၊ ဒဏ်ရာရရှိသူ ၁၆၀ ယောက်ရှိခဲ့ပြီး အဆောက်အဦပေါင်း ရာနဲ့ချီ ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

ယခုလက်ရှိမှာတော့ ဒေသခံပြည်သူ ၅၁၄၁ ယောက်ကို ယာယီတဲတွေမှာ ခိုလှုံခွင့်ပေးထားတာဖြစ်ပါတယ်။

“နေအိမ်ဆုံးရှုံးသွားတဲ့ ပြည်သူတွေအတွက် ငွေကြေးထောက်ပံ့ပေးသွားမယ်။”လို့ ငလျင်ဒဏ်သင့်ခဲ့တဲ့ နေရာတွေကို လိုက်လံကြည့်ရှုခဲ့တဲ့ သမ္မတ ဂျိုကိုဝီဒိုဒိုကပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly