ကယ်လီဖိုးနီးယားမီးဘေးကြောင့် ဒေသခံများ ထောင်နဲ့ချီ ပြောင်းရွှေ့ရ

ကယ်လီဖိုးနီးယားမီးဘေးကြောင့် ဒေသခံများ ထောင်နဲ့ချီ ပြောင်းရွှေ့ရ

 

ဇူလိုင် ၃၀ ။           ။ ကယ်လီဖိုးနီးယားမီးဘေးကြောင့် လူ ၆ ယောက်သေဆုံးခဲ့ရသလို မီးသတ်သမားအယောက် ၁၂၀၀၀ ကလည်း မီးတွေကို ငြိမ်းသတ်နေလျက်ရှိပါတယ်။

သို့ပေမယ့် ခြောက်သွေ့တဲ့ရာသီဥတုနဲ့ လေပြင်းတိုက်ခတ်မှုက မီးတောက်တွေကို ပိုဆိုးလာစေတဲ့အတွက် အာဏာပိုင်တွေက စိုးရိမ်လျက်ရှိပါတယ်။

“ရာသီဥတုအရမ်းခြောက်သွေ့ပြီး လေတွေလည်း အရမ်းတိုက်နေတဲ့အတွက် ရပ်တင်းမြို့နားမှာတော့ မီးတွေဆက်လောင်နေဦးမှာပါ။”လို့ အမျိုးသားမိုးလေဝသဌာနက ပြောပါတယ်။

မီးသတ်သမား ၂ ယောက်အပါအဝင် ရပ်တင်းမြို့ရှိ အသက် ၇၀ အရွယ် အမျိုးသမီးတစ်ယောက်နဲ့ ၎င်းရဲ့မြေးနှစ်ယောက်ဟာ အိမ်မီးလောင်တဲ့အထဲ သေဆုံးသွားတာဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ ကယ်လီဖိုးနီးယားမီးဘေးရဲ့ ၅ ရာခိုင်နှုန်းကိုပဲ ထိန်းထားနိုင်ပြီး မြေကွက်ပေါင်း ၈၉၁၉၄ ဧက (၃၆၀၀၀ ဟက်တာ)၊ အိမ်ခြေပေါင်း ၆၅၂ အိမ်ပျက်စီးဆုံးရှုံးသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့စနေနေ့မှာ ဒေသခံအယောက် ၃၈၀၀၀ ကို ရှက်စတာပြည်နယ်ဘက် ပြောင်းရွှေ့ပေးထားတာဖြစ်ပါတယ်။ လိတ်၊ နာပါနဲ့ မန်တိုစီနိုပြည်နယ်တွေကိုတော့ အရေးပေါ်အခြေအနေ ကျရောက်တဲ့နယ်တွေအဖြစ် ကယ်လီဖိုးနီးယားအစိုးရ ဂျယ်ရီဘရောင်းက ထုတ်ပြန်ထားပါတယ်။

ရှက်စတာပြည်နယ်ရောက် မီးဘေးသင့်ဒုက္ခသည်တွေကို ကူညီထောက်ပံ့ပေးဖို့ ၎င်းက ဖက်ဒရယ်ထောက်ပံ့မှုကို တောင်းဆိုခဲ့ပါတယ်။ ဒါအပြင် စစ်လေယာဉ်၊ စားနပ်ရိက္ခာတွေ၊ နေထိုင်ဖို့တဲတွေကိုပါ တောင်းဆိုခဲ့ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အဆိုပါမီးဘေးသင့်ဒေသတွေကို လိုအပ်တဲ့အကူအညီများ ထောက်ပံ့ပေးသွားဖို့ အရေးပေါ်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ကတည်းက မန်တိုစီနိုပြည်နယ်မှာ မီးလောင်နေခဲ့ပြီး မြေဧက ၂၄၀၀၀ ကျော်ပျက်စီးသွားခဲ့တာဖြစ်ပါတယ်။ တနင်္ဂနွေမနက်ပိုင်းရောက်တဲ့အထိ မီးအားရဲ့ ၁၀ ရာခိုင်နှုန်းကိုပဲ ထိန်းထားနိုင်သေးတယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly