တူရကီနှင့်ပွဲကိုဒဏ်ရာကြောင့် ရော်ဘင်လွဲချော်မည်

တူရကီနှင့်ပွဲကိုဒဏ်ရာကြောင့် ရော်ဘင်လွဲချော်မည်

စက်တင်ဘာ ၄၊ အမ်စတာဒမ် ။            ။ ကြာသပတေးညက အိမ်ကွင်းတွင် အိုက်စလန်ကို ရှုံးနိမ့်သည့်ပွဲ၌ ဒဏ်ရာရခဲ့သော နယ်သာလန်တောင်ပံကစားသမား အာဂျန်ရော်ဘင်သည် အင်္ဂါနေ့တွင် တူရကီနှင့်ကစားရမည့် ယူရို ၂၀၁၆ ခြေစစ်ပွဲအောင်ရေးအတွက် လွန်စွာအရေးပါသောပွဲကို လွဲချော်ရတော့မည်ဖြစ်သည်။

အိုက်စလန်ကို ၁-၀ ဖြင့်ရှုံးသည့်ပွဲတွင်အနီကတ်ပြထုတ်ခဲ့ရသည့် မာတန်းစ်သည်လည်း တူရကီနှင့်ပွဲကိုလွဲမည်ဖြစ်ရာ နယ်သာလန်အသင်း၌ ဆန်းဒါးလန်းတိုက်စစ်မှူး ဂျာမိန်းလန်းစ်နှင့် ဆောက်သမ် တန်နောက်ခံလူ ဗန်ဒစ်တို့ကို အင်အားဖြည့်ထားရသည်။

အိုက်စလန်နှင့်ပွဲချိန်ပထမပိုင်းတွင် ရော်ဘင်သည်ပေါင်ခြံဒဏ်ရာရခဲ့သည်ဟု နယ်သာလန်ဘောလုံးအဖွဲ့ချုပ်ကထုတ်ပြန်ခဲ့သော်လည်း ပွဲအပြီး တွင် ကွင်းလယ်လူဒါလေဘလိုင်းက "တူရကီပွဲကို ရော်ဘင် လွဲမယ်လို့သိခဲ့ရပေမယ့် သူနဲ့ရောအသင်းဆရာဝန်နဲ့ပါ စကားမပြောရသေးလို့ ဘာ မှားနေလဲတော့ မသိပါဘူး"ဟု ပြောသည်။

သို့သော်လည်းပွဲပြီးသတင်းစာရှင်းလင်းပွဲတွင်မူ နှစ်နေရာလူစားလဲမှုတွင် ၎င်းလည်းပါဝင်ဖွယ်ရှိသည်ဟု ဒါလေဘလိုင်းက အတည်ပြုခဲ့သည်။ တနင်္ဂနွေတွင်ကစားမည့်ပွဲမှာ နယ်သာလန်နှင့် တူရကီနှစ်နိုင်ငံ စလုံးအတွက် မျှော်လင့်ချက်ရှိနေသေးသည့်ပွဲဖြစ်သည်။

နယ်သာလန်အသင်းသည် အုပ်စု (က)တွင် တူရကီထက်တစ်မှတ်အသာ ရမှတ် ၁၀ မှတ်ဖြင့်ရပ်တည်နေပြီး တူရကီအသင်းမှာ ကြသပတေး နေ့က လတ်ဗီးယားနှင့်အိမ်ကွင်းပွဲ၌ နောက်ကျချေပဂိုးပေးရပြီး ၁-၁ ဂိုးဖြင့်သရေကျခဲ့သောကြောင့် နယ်သာလန်၏အထက်တွင်ရပ်တည်နိုင် မည့်အခွင့်ရေးလက်လွှတ်ခဲ့ရခြင်းဖြစ်သည်။

အိုက်စလန်အသင်းကရမှတ် ၁၈ မှတ်ဖြင့်အုပ်စုကိုဦးဆောင်နေပြီး ချက်အသင်းက ၁၆ မှတ်ဖြင့်ဒုတိယနေရာ၌ ရှိနေသည်။ အုပ်စုကိုးခုမှ ထိပ်ဆုံးနှစ်သင်းစီမှာ အကောင်းဆုံးတတိယတစ်သင်းနှင့်အတူ တိုက်ရိုက်ခြေစစ်ပွဲအောင်မည်ဖြစ်ပြီး ကျန်တတိယရ ရှစ်သင်းမှာ နိုဝင်ဘာတွင် ပလေးအော့ဖ်ကစားပြီး လေးသင်းထပ်မံခြေစစ်ပွဲအောင်မည်ဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly