မလေးရှားရဲတွေရဲ့ ညပိုင်းစီးနင်းမှုတွေမှာ ရွှေ့ပြောင်းဝင်ရောက်သူ ၁၅၀ ကျော်ထက်မနည်းကို ဖမ်းဆီး

မလေးရှားရဲတွေရဲ့ ညပိုင်းစီးနင်းမှုတွေမှာ ရွှေ့ပြောင်းဝင်ရောက်သူ ၁၅၀ ကျော်ထက်မနည်းကို ဖမ်းဆီး

ကွာလာလမ်ပူ၊ ဇူလိုင် ၃၀ ။             ။ မလေးရှားနိုင်ငံက ရဲတပ်ဖွဲ့ဝင်တွေဟာ ဇူလိုင် ၂၉ ရက်က ကွာလာလမ်ပူမြို့တော် ပြင်ဖက်မှာ ညပိုင်းစီးနင်းမှုတွေ လုပ်ဆောင်ခဲ့ရာမှာ မှတ်တမ်းမှတ်ရာမဲ့ ရွှေ့ပြောင်းဝင်ရောက်သူပေါင်း ၁၅၀ ကျော်ထက်မနည်းကို ဖမ်းဆီးရမိခဲ့ပါတယ်။

မြို့တော်ရဲ့ အနောက်တောင်ဖက် ခြောက်မိုင်အကွာက ဆူဘန်းဂျာယာအရပ်မှာ လူဝင်မှုကြီးကြပ်ရေးဌာနနဲ့ အမျိုးသားမှတ်ပုံတင်ရေးဌာနတို့ရဲ့ Op Mega 3.0 အမည်ရ စစ်ဆင်ရေးတွေကို လုပ်ဆောင်ခဲ့ရာမှာ ခုလို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

“ပြစ်မှုအမျိုးမျိုးနဲ့ တရားမဝင်ရွှေ့ပြောင်းဝင်ရောက်သူ ၁၅၇ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။”ဟု ပြည်ထဲရေးဝန်ကြီး ဒါတက်မို့ရှ်အဇီက စစ်ဆင်ရေးအပြီး ပြောကြောင်း နိုင်ငံပိုင် ဘာနားမားသတင်းဌာနက ထုတ်ပြန်ပါတယ်။

ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ ခုရွှေ့ပြောင်းဝင်ရောက်သူတွေဟာ အများစုက အိမ်နီးချင်း အင်ဒိုနီးရှားက ဖြစ်ပြီး ဖိလစ်ပိုင်၊ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့မှလည်း ဝင်ရောက်လာကြသူများ ပါဝင်ပါတယ်။

ရဲတာဝန်ရှိသူတွေက သံသယရှိ မှတ်တမ်းမဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေရဲ့ အိမ်တွေထဲ ဝင်ရောက်ပြီး သံသယရှိသူတွေကို လက်ထိပ်ခတ် ဖမ်းဆီးကြတာဖြစ်ပါတယ်။

ဒီလို ဖမ်းဆီးမှုတွေမှာ အမျိုးသမီးတစ်ဦးဟာ လွတ်မြောက်ဖို့ တစ်ထပ်တိုက်ပေါ်က ခုန်ချထွက်ပြေးပေမယ့်လည်း အဖမ်းခံရကြောင်း အီးပီအေသတင်းထောက်က ပေးပို့ထားပါတယ်။

ဖမ်းဆီးခံရသူတွေရဲ့ သားသမီး ကလေးငယ်တွေကို လူဝင်မှုကြီးကြပ်ရေးတာဝန်ရှိသူတွေက ဖြေသိမ့်မှုပေးနေတာကိုလည်း မြင်တွေ့ရပါတယ်။

ဇူလိုင် ၁ ရက်က စတင်တဲ့ Op Mega စစ်ဆင်ရေးတွေအရ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တဲ့ အထောက်အထားမဲ့ ရွှေ့ပြောင်းဝင်ရောက်သူပေါင်း ၄၄၇၆ ဦး ရှိကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly