ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြိုအနိုင်ရကြောင်း ကမ္ဘောဒီးယားအာဏာရပါတီ ပြော

ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြိုအနိုင်ရကြောင်း ကမ္ဘောဒီးယားအာဏာရပါတီ ပြော

ဖနွမ်းပင်၊ ဇူလိုင် ၃၀ ။        ။ ကမ္ဘောဒီးယားနိုင်ငံမှာ ဇူလိုင် ၂၉ ရက်က ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြို အနိုင်ရမှာဖြစ်တယ်လို့ အာဏာရပါတီက မျှော်မှန်းထားပြီး ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဖြစ်သူ ဟွန်ဆန်ကလည်း မဲရာခိုင်နှုန်း ၈၀ ရာခိုင်နှုန်းနဲ့ အပြတ်အသတ်အနိုင်ရတယ်လို့ ကြွေးကြော်ထားပါတယ်။

ဒီ ရွေးကောက်ပွဲဟာဆိုရင် အဓိကအတိုက်အခံပါတီကို တားမြစ်ထားပြီး အာဏာရပါတီပဲ အနိုင်ကြဲတဲ့ ရွေးကောက်ပွဲဖြစ်တာကြောင့် ရလဒ်က ခန့်မှန်းလို့ ရပြီးသား ရွေးကောက်ပွဲတစ်ရပ်ပဲဖြစ်သလို အာဏာမှ ၃၃ နှစ် အုပ်စိုးနေတဲ့ ဟွန်ဆန်ရဲ့ ရာထူးသက်တမ်းကို ထပ်မံတိုးမြှင့်ပေးတဲ့ ရွေးကောက်ပွဲလည်းပဲ ဖြစ်ပါတယ်။

ပြည်တွင်းစစ်ရဲ့ ဒုက္ခအကျပ်အတည်းတွေကို ခံစားနေရဆဲ နိုင်ငံမှာ ၁၉၈၅ ခုနှစ်က စပြီး အာဏာရလာခဲ့တဲ့ ဝန်ကြီးချုပ် ဟွန်ဆန်ဟာ ရွေးကောက်ပွဲမတိုင်ခင် အတိုက်အခံတွေကို ဖြိုခွင်းခဲ့ပါတယ်။ အရပ်ဖက်အဖွဲ့အစည်းအဝေးေတွေ၊ မီဒီယာနဲ့ နို်င်ငံရေးပြိုင်ဖက်တွေကို နှိပ်ကွပ်ခဲ့ပါတယ်။

အထွေထွေ ရွေးကောက်ပွဲမှာ မဲပေးသူပေါင်းက ၈၂ ရာခိုင်နှုန်း ရှိပြီး ၂၀၁၃ ခုနှစ်က မဲပေးသူ ၆၉ ရာခိုင်နှုန်းထက် များပြားကြောင်း ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ဝန်ကြီးချုပ် ဟွန်ဆန်ကတော့ ၎င်းရဲ့ ကမ္ဘောဒီးယား ပြည်သူ့ပါတီဟာ ၈၀ ရာခိုင်နှုန်း မဲရပြီး အမတ်နေရာ ၁၂၅ နေရာမှာ အနည်းဆုံး ၁၀၀ ရရှိလို့ သောင်ပြိုကမ်းပြိုနိုင်ကြောင်း ပြောပါတယ်။

အမေရိကန်နဲ့ ဥရောပတို့က ရွေးကောက်ပွဲရဲ့ ယုံကြည်ရမှုအပေါ် မေးခွန်းထုတ်နေပေမယ့် ကမ္ဘောဒီးယားပြည်သူ့ပါတီကတော့ ရွေးကောက်ပွဲမှာ အခြား ပါတီပေါင်း ၁၉ ပါတီ ယှဉ်ပြိုင်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly