အတိုက်အခံ မရှိတဲ့ ကမ္ဘောဒီးယားရွေးကောက်ပွဲ မဲပေးမှု စတင်

အတိုက်အခံ မရှိတဲ့ ကမ္ဘောဒီးယားရွေးကောက်ပွဲ မဲပေးမှု စတင်

ဇူလိုင် ၂၉ ။          ။ ကမ္ဘောဒီးယားနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကို ယနေ့ ဇူလိုင် ၂၉ ရက်မှာ စတင်ကျင်းပနေပြီ ဖြစ်ကာ ပြည်သူတွေက အသီးသီး မဲရုံတွေသွားပြီး မဲပေးနေကြပြီ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဓိက အတိုက်အခံ ပါတီကို ဖျက်သိမ်းပြီး ရာနဲ့ချီတဲ့ နိုင်ငံရေးသမားတွေကို ဖမ်းဆီးထားပြီးမှ ကျင်းပတဲ့ ဒီရွေးကောက်ပွဲကိုတော့ ဘယ်လိုမှ တရားမျှတမှု ရှိနိုင်မှာမဟုတ်ဘူးလို့ ပြည်တွင်း ပြည်ပ နိုင်ငံရေးလေ့လာအကဲဖြတ်သူတွေက ပြောနေကြပါတယ်။

အလားတူ ခု ရွေးကောက်ပွဲဟာ လက်ရှိဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ၃၃ နှစ်ကြာ ဆွဲကိုင်ထားတဲ့ အာဏာကို ဆက်လက် သက်တမ်းတိုးချဲ့ဖို့သက်သက်သာ ကျင်းပတာဖြစ်ပါတယ်။

နိုင်ငံမှာ ၁၉၈၅ ခုနှစ်ကတည်းက အာဏာရနေခဲ့တဲ့ ဟွန်ဆန်ကတော့ မဲပေးမှုအကြိုကာလမှာ နိုင်ငံရေးအတိုက်အခံတွေကို နှိမ်နင်းတာ၊ လူမှု အဖွဲ့အစည်းတွေနဲ့ မီဒီယာတွေကို ကန့်သတ်ပထုတ်တာတွေ လုပ်ဆောင်ထားခဲ့ပြီး ဖြစ်ပါတယ်။

ခု ရွေးကောက်ပွဲဟာ ယုံကြည်စိတ်ချရမှုနဲ့ တရားနည်းလမ်းကျမှု ကင်းမဲ့နေလို့ ဆိုပြီး အနောက်အုပ်စုတွေကတော့ ယင်းနိုင်ငံအပေါ် အကူအညီပေးမှုတွေ ပြန်လည် ဆုတ်ဆိုင်းထားခဲ့ပြီး ဖြစ်ပါတယ်။

အလားတူ ယင်းနိုင်ငံဟာ ယခုရွေးကောက်ပွဲနဲ့အတူ ဒီမိုကရေစီလုပ်ငန်းစဉ်အပေါ် နင်းခြေဖျက်ခံထားရပြီ ဆိုပြီး အတိုက်အခံတွေနဲ့ လူ့အခွင့်အရေးအုပ်စုတွေက ဝေဖန်ပြောဆိုထားကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly