ရေကြီးမြေပြိုမှုများ ကြံုတွေ့ခဲ့ရပြီးနောက် ဂျပန်မှာ အားပြင်းမုန်တိုင်း ၀င်တိုက်ပြန်

ရေကြီးမြေပြိုမှုများ ကြံုတွေ့ခဲ့ရပြီးနောက် ဂျပန်မှာ အားပြင်းမုန်တိုင်း ၀င်တိုက်ပြန်

ဇူလိုင် ၂၉ ။         ။ သဘာဝဘေးဒုက္ခဆိုးတွေနဲ့ လောလောလတ်လတ် ကြုံတွေ့ထားခဲ့ရတဲ့ ဂျပန်မှာ ဇူလိုင် ၂၉ ရက်မှာလည်း အင်အားပြင်းထန်တဲ့ မုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံအနောက်ပိုင်း ဧရိယာတွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ရေကြီးမှု၊ မြေပြိုမှုတွေနဲ့ ကြုံတွေ့ထိခိုက်မှုတွေ ရှိထားပြီးနောက် ယခုအခါ နိုင်ငံအလယ်ပိုင်းမှာ အားပြင်းမုန်တိုင်း ဝင်ရောက်လာခဲ့ပြန်တာဖြစ်ပါတယ်။

လေတိုက်နှုန်း တစ်နာရီ မိုင် ၁၁၀ နှုန်းရှိတဲ့ တိုင်ဖွန်း ဂျုံဒါရီ ကြောင့် ယင်းနေ့ မနက် ၁ နာရီ ဝန်းကျင်လောက်က Mie စီရင်စုမှာ မိုးကြီးခဲ့ကြောင်း ဂျပန် မိုးလေဝသ အေဂျင်စီက ထုတ်ပြန်ပါတယ်။

ယင်းနောက် မုန်တိုင်းဟာ အနည်းငယ်ပြန်အားပျော့သွားပြီလို့ အေဂျင်စီက ထုတ်ပြန်ခဲ့ပေမယ့် စီရင်စုအများစုမှာတော့ မုန်တိုင်းသတိပေးချက်တွေ ဆက်ထုတ်ပြန်ထားဆဲဖြစ်ပါတယ်။

“ခုဆိုရင် ကျွန်တော်တို့ဆီမှာ ဇူလိုင် အစောပိုင်းလောက်ကစပြီးတော့ အရေးပေါ် သတိပေးချက် ထုတ်ပြီးနေလာရတာ ဖြစ်ပါတယ်” ဆိုပြီး နိုင်ငံ အနောက်ပိုင်း Okayama စီရင်စု သဘာဝဘေးစီမံရေး တာဝန်ခံအရာရှိ Koji Kunitomi က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly