အိန္ဒိယနိုင်ငံမြောက်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၄၉ ဦးသေဆုံး

အိန္ဒိယနိုင်ငံမြောက်ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ၄၉ ဦးသေဆုံး

 

ဇူလိုင် ၂၈ ။         ။ ပြီးခဲ့တဲ့ ကြာသာပတေးနေ့မှစ၍ အိန္ဒိယနိုင်ငံမြောက်ပိုင်းရှိ အတ္တာပရာဒေ့ရှ်ပြည်နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းရာ ရေကြီးမှု၊ မြေပြိုမှုများဖြစ်ပွားခဲ့ပြီး လူ ၄၉ ဦးသေဆုံးသွားကြောင်း အာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။

အမျိုးသားမိုးလေဝသအေဂျင်စီကလည်း မုန်တိုင်းသတိပေးချက်တွေ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

“သေဆုံးသူတွေထဲမှာ အဆောက်အဦပြိုကျလို့ သေဆုံးသူ၊ ဓာတ်လိုက်သေဆုံးသူ၊ ရေနစ်သေဆုံးသူတွေ ပါဝင်ပါတယ်။”လို့ ဘေးအန္တရာယ်တားဆီးရေးအကြီးအကဲတွေက ပြောပါတယ်။

အိမ်ခြေပေါင်းများစွာလည်း ပျက်စီးခဲ့ရသလို ဒေသခံ သန်း ၂၂၀ ကိုလည်း ဘေးလွှတ်ရာ ပြောင်းရွှေ့ဖို့ အာဏာပိုင်တွေက စီစဉ်နေကြပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့က နယူးဒေလီနဲ့ ရာဂျာစတန်ပြည်နယ်အနောက်ပိုင်းမှာလည်း မိုးသည်းထန်စွာ ရွာသွန်းခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့မှာတော့ နယူးဒေလီရှိ ရာမူနာမြစ်ဟာ စိုးရိမ်ရေမှတ် ၂၀၄ မီတာကိုကျော်လွန်လာတဲ့အတွက် အာဏာပိုင်တွေက သတိပေးချက်ထုတ်ပြန်ထားရပါတယ်။   မြစ်ရေထပ်လျှံလာနိုင်ဖွယ်ရှိတယ်လို့လည်း ဒေလီအစိုးရက ပြောပါတယ်။

နောက်၅ရက်ကြာတဲ့အထိ အိန္ဒိယနိုင်ငံမြောက်ပိုင်းမှာ မိုးဆက်လက်ရွာသွန်းမှာဖြစ်တယ်လို့ မိုးလေဝသပညာရှင်တွေက သတိပေးကြေညာထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags