ဆွစ်စ်တောင်တန်း၌ လေယာဉ်ပျက်ကျရာ ခရီးသည်၄ဦးသေဆုံး

ဆွစ်စ်တောင်တန်း၌ လေယာဉ်ပျက်ကျရာ ခရီးသည်၄ဦးသေဆုံး

ဇူလိုင် ၂၈ ။           ။ ခရီးသွားဧည့်သည်တွေကြားမှာ ရေပန်းစားနေတဲ့ ဆွစ်ဇာလန်နိုင်ငံရှိ ဆွစ်စ်တောင်တန်းရဲ့ ရေခဲကျောက်ဆောင်နဲ့ တိုက်မိရာ ရဟတ်ယာဉ်တစ်စီးမှောက်ခဲ့ပြီး ခရီးသည်၄ယောက်သေဆုံးသွားတယ်လို့ ရဲအရာရှိတွေက ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက် (သောကြာနေ့) ညနေ ၄နာရီ၄၅မိနစ်မှာ ရေခဲကျောက်ဆောင်နဲ့ တိုက်မိခဲ့ပြီး ရဟတ်ယာဉ်ဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၃၃၀၀ မီတာ (ပေ ၁၀၈၀၀) မှာရှိတဲ့ တန်အန်တောင်ကြားကိုထိုးကျသွား တာဖြစ်ပါတယ်။

အဆိုပါရဟတ်ယာဉ်မှာ ခရီးသည်၄ဦးစီးနင်းလိုက်ပါနိုင်တဲ့ ပြင်သစ်နိုင်ငံထုတ် ရော်ဘင်တံဆိပ်ဖြစ်ပြီး ဆီယွန်မြို့ကနေ အပန်းဖြေခရီးထွက်လာခဲ့တာဖြစ်ပါတယ်။

အရေးပေါ်အချက်ပြတာကို တွေ့လိုက်တဲ့ အာဏာပိုင်တွေဟာ ကယ်ဆယ်ရေးအဖွဲ့ကို လွှတ်လိုက်ပေမယ့် လေယာဉ်မှူးနဲ့ ခရီးသည်၃ယောက်စလုံး သေဆုံးနေပြီဖြစ်ပါတယ်။

“လေယာဉ်မတော်တဆပျက်ကျတဲ့အကြောင်းရင်းကို စုံစမ်းနေတုန်းပါပဲ။”လို့ ရဲအရာရှိကပြောပါတယ်။ သေဆုံးသူတွေကိုလည်း အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly