ဂရိတောမီးလောင်မှုကြောင့် သေဆုံးသူ ၈၈ ဦးရှိလာ

ဂရိတောမီးလောင်မှုကြောင့် သေဆုံးသူ ၈၈ ဦးရှိလာ

 

ဇူလိုင် ၂၈ ။         ။ ဆေးရုံတက်နေတဲ့အမျိုးသမီးတစ်ဦးထပ်မံသေဆုံးပြီးနောက် ဂရိတောမီးလောင်မှုမှာ သေဆုံးသူ ၈၈ ဦးရှိခဲ့ပြီး အများစုမှာ ကလေးငယ်များဖြစ်တယ်လို့ အာဏာပိုင်တွေက ဒီကနေ့မှာပဲ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အေသင်မြို့အရှေ့ဘက်ရှိ မာတီကမ်းခြေမြို့မှာ မီးလောင်မှုဖြစ်ပွားခဲ့ပြီးနောက် အဆိုပါ အသက် ၄၀ အရွယ် အမည်မသိအမျိုးသမီးကို တနင်္လာနေ့ကတည်းက ဆေးရုံပို့ထားတာဖြစ်ပါတယ်။

ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတဲ့လူနာတွေ ဆေးရုံမှာ ရှိပါသေးတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနကပြောပါတယ်။

မီးလောင်သေဆုံးတဲ့လူတွေကို ရှာဖွေဖော်ထုတ်ရာမှာ ပြာကျသွားတဲ့အလောင်းတွေကြောင့် မှုခင်းဆေးပညာရှင်တွေအနေနဲ့ အခက်ကြုံနေရတယ်လို့ သိရပါတယ်။

“အသက်၉နှစ်အရွယ် အမြွှာနှစ်ယောက် ဆိုဖီယာနဲ့ ဗက်စ်စလီကီကိုတော့ရှာတွေ့ပြီ။”လို့ ကလေး၃ယောက်နဲ့ ဘိုးဘွားတွေဆုံးရှုံးခဲ့ရတဲ့ မိသားစုတစ်စုရဲ့မှုခင်းဆေးပညာရှင်က သတင်းထောက်တွေကို ပြောပါတယ်။

အဆိုပါအမြွှာနှစ်ယောက်၊ ၎င်းတို့ရဲ့ အဘိုး၊အဘွားအပါအဝင် အလောင်း ၂၆ လောင်းကို မာတီပင်လယ်ကမ်းစပ်နားမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly