ကယ်လီဖိုးနီးယားတောမီးလောင်မှုကြောင့် မီးသတ်သမားတစ်ဦးထပ်မံသေဆုံး

ကယ်လီဖိုးနီးယားတောမီးလောင်မှုကြောင့် မီးသတ်သမားတစ်ဦးထပ်မံသေဆုံး

 

ဇူလိုင် ၂၈ ။                   ။ ကယ်လီဖိုးနီယားတောင်ပိုင်းမှာ တောမီးများအပြင်းအထန်လောင်ကျွမ်းရာ ဒေသခံတွေကို ကယ်ဆယ်ပေးရင်းနဲ့  မီးသတ်သမားတစ်ဦး ထပ်မံသေဆုံးသွားတယ်လို့ အာဏာပိုင်တွေကပြောပါတယ်။

"ကယ်လီဖိုးနီးယားတောမီးကြောင့် သေတဲ့မီးသတ်သမားနှစ်ယောက်ရှိသွားပြီ။ မနေ့က မြေထိုးစက်ကားသမား ဆုံးသွားတယ်။ မီးသတ်သမားက ဒီညနေပိုင်းမှာ ဆုံးသွားတာ။"လို့ တောမီးနှင့်မီးဘေးကာကွယ်ရေးဌာနအကြီးအကဲက အေအက်ဖ်ပီကို ပြီးခဲ့တဲ့သေကြာနေ့တုန်းက ပြောခဲ့တာဖြစ်ပါတယ်။

“ပြီးခဲ့တဲ့ကြာသာပတေးနေ့မှာ လူအယောက် ၉၀၀၀၀ ကျော်ရှိတဲ့ အနောက်ဘက်ခြမ်းက ရပ်တင်းမြို့ကို မီးကူးသွားတာပါ။ မီးလောင်တာအရမ်းပြင်းတဲ့အတွက် ဒေသခံတွေကိုလည်း လုံခြုံတဲ့နေရာကို တတ်နိုင်သမျှအမြန်ဆုံး ပို့ပေးနေပါတယ်။ ဒဏ်ရာရသွားတဲ့ ဒေသခံတွေ၊ မီးသတ်သမားတွေလည်း ရှိပါတယ်။”လို့ ဗိုလ်ကြီး ဘရက်ဂူဗီးလ်ကပြောပါတယ်။

“ညနေပိုင်းရောက်တော့ မီးအားကပိုပြင်းလာပြီ။ ရာသီဥတုကလည်း ခြောက်သွေ့တော့ မီးသတ်သမားအယောက် ၁၇၅၀ လည်းကြာကြာမခံနိုင်တော့ဘူး။”လို့ ၎င်းကဆက်ပြောပါတယ်။

အဆိုပါတောမီးလောင်မှုကြောင့် မြေဧကပေါင်း ၄၄၀၀၀ ဧက (၁၈၀၀၀ ဟက်တာ) ပျက်စီးဆုံးရှုံးသွားတယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly