တရုတ်မိုးမျှော်ရေတံခွန်အား ဝေဖန်သူများရှိလာ

တရုတ်မိုးမျှော်ရေတံခွန်အား ဝေဖန်သူများရှိလာ

ဇူလိုင် ၂၈ ။          ။ တရုတ်နိုင်ငံအနောက်တောင်ပိုင်းရှိ ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်ရေတံခွန်နဲ့ ပတ်သက်ပြီး ဒေသခံတချို့က ပြောဆိုဝေဖန်လာကြတာဖြစ်ပါတယ်။

Guiyang မြို့ရှိအဆောက်အဦကြီးရဲ့ မျက်နှာစာကို ၁၀၈ မီတာ (၃၆၀ ပေ) နဲ့တည်ဆောက်ထားပြီး ၎င်းအဆောက်အဦဒီဇိုင်းအတွက် အကုန်အကျများခဲ့တယ်လို့ သိရပါတယ်။

Liebian အပြည်ပြည်ဆိုင်ရာအဆောက်အဦကြီးကို ဆောက်လို့မပြီးသေးပေမယ့် ပြီးခဲ့တဲ့နှစ်နှစ်လောက်ကတည်းက ၎င်းရေတံခွန်ကို တည်ဆောက်ပြီးစီးခဲ့တာ ဖြစ်ပါတယ်။

 ၁၂၁ မီတာအမြင့်ရှိတဲ့ အဆိုပါရေတံခွန်ကို ၆ ကြီမ်လောက်သာ ဖွင့်ခဲ့ပေမယ့် ရေစက် တစ်နာရီမောင်းတိုင်း တရုတ်ယွမ် ၈၀၀ (ဒေါ်လာ ၁၂၀) ကုန်ကျတယ်လို့ သိရပါတယ်။

၎င်းမိုးမျှော်ရေတံခွန်ပါဝင်တဲ့ အဆောက်အဦကြီးကို Ludi စက်ရုံအဖွဲ့အစည်းက တာဝန်ယူတည်ဆောက်ထားတာဖြစ်ပြီး ဟိုတယ်၊ ဈေးဝယ်စင်တာနဲ့ ရုံးခန်းတွေပါဝင်မှာဖြစ်ပါတယ်။

အဆိုပါရေတံခွန်ဟာ ဒေသတွင်းသဘာဝထိန်းသိမ်းမှုဖြစ်တယ်လို့ ကုမ္ပဏီကပြောပေမယ့် ဒေသခံတွေကတော့ ငွေကြေးဖြုန်းတီးမှုတစ်ခုဖြစ်ကြောင်း ပြောဆိုဝေဖန်ကြတာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly