အမေရိကန်စစ်သားအရိုးစုတွေကို ၀ါရှင်တန်ဆီ မြောက်ကိုရီးယား ပြန်ပို့ပေး

အမေရိကန်စစ်သားအရိုးစုတွေကို ၀ါရှင်တန်ဆီ မြောက်ကိုရီးယား ပြန်ပို့ပေး

ဇူလိုင် ၂၇ ။          ။ ကိုရီးယားစစ်ပွဲအတွင်း သေဆုံးသွားခဲ့ကြတဲ့ အမေရိကန်စစ်သားတွေရဲ့ ကြွင်းကျန်အရိုးစုတွေကို အမေရိကန်အစိုးရဆီ မြောက်ကိုရီးယားဘက်က   ပြန်လည်လွှဲအပ်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အမေရိကန် စစ်သား အရိုးစုတွေ ထည့်ထားတဲ့ သေတ္တာ ၅၅ လုံးကို မြောက်ကိုရီးယားက ပြန်လွှဲပေးခဲ့ကြောင်း အိမ်ဖြူတော်က ဇူလိုင် ၂၆ ရက်မှာ ပြောပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ဇွန်လ စင်ကာပူ ထိပ်သီးအစည်းအဝေးတုန်းက ရရှိခဲ့တဲ့ သဘောတူညီချက်တစ်ခုကို ပြုံယမ်းဘက်က ဖော်ဆောင်ပေးလာတာလည်း ဖြစ်ပါတယ်။

အဆိုပါ အမေရိကန်စစ်သား ကြွင်းကျန်အရိုးစုတွေ တင်ဆောင်လာတဲ့ အမေရိကန်စစ်ဘက် လေယာဉ်တစ်စင်းကတော့ ဇူလိုင် ၂၇ ရက်မှာပဲ မြောက်ကိုရီးယားကနေ ထွက်ခွာပျံသန်းခဲ့ပါတယ်။

“ ဒီလောက် နှစ်တွေ ကြာပြီးနောက် ခုလို ကျွန်တော်တို့ စစ်မှုထမ်းတွေရဲ့ အရိုးစုတွေကို ပြန်လွှဲပေးခြင်းက အရမ်းကောင်းပါတယ်၊

မိသားစုဝင်တွေအများအပြားအတွက်ကတော့ ကြီးကျယ်တဲ့အခိုက်အတန့်ဖြစ်ပါလိမ့်မယ်၊ ကင်မ်ဂျုံအန်း ခင်ဗျားကို ကျုပ် ကျေးဇူးတင်တယ်ဗျာ” ဆိုပြီး ထရမ့်က တွစ်တာကနေတဆင့်ရေးသားထားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly