ကိုရီးယားစစ်ပွဲ ရပ်စဲမှု ၆၅ နှစ်ပြည့် အခမ်းအနား မြောက်ကိုရီးယားမှာ ကျင်းပ

ကိုရီးယားစစ်ပွဲ ရပ်စဲမှု ၆၅ နှစ်ပြည့် အခမ်းအနား မြောက်ကိုရီးယားမှာ ကျင်းပ

ဇူလိုင် ၂၇ ။          ။ ကိုရီးယားစစ်ပွဲ ရပ်စဲမှု ၆၅ နှစ်ပြည့်မြောက်သည့် နှစ်ပတ်လည်အခမ်းအနားတစ်ရပ်ကို မြောက်ကိုရီးယားမှာ ဇူလိုင် ၂၇ ရက်က ကျင်းပပါတယ်။

ယင်း အခမ်းအနားကိုတော့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းကိုယ်တိုင် ပါဝင်တက်ရောက်ခဲ့ပါတယ်။

ကိုရီးယား စစ်ပွဲကတော့ လွန်ခဲ့တဲ့ ၁၉၅၀ ခုနှစ် ဇွန်လ ၂၅ ရက်မှာ တောင်နှင့် မြောက် ကိုရီးယားနှစ်နိုင်ငံအကြား စတင်ခဲ့တာဖြစ်ပြီး ၁၉၅၃ ခုနှစ် ဇူလိုင် ၂၇ ရက်မှာ အပစ်ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးပြီး ရပ်စဲထားခဲ့တဲ့ စစ်ပွဲတစ်ခုလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly