ပါကစ္စတန်ရွေးကောက်ပွဲ မိမိတို့နိုင်ကြောင်း ခရစ်ကက်ကစားသမားဟောင်း အီမရန်ခန်း ကြေညာ

ပါကစ္စတန်ရွေးကောက်ပွဲ မိမိတို့နိုင်ကြောင်း ခရစ်ကက်ကစားသမားဟောင်း အီမရန်ခန်း ကြေညာ

ဇူလိုင် ၂၇ ။        ။ ကျင်းပထားခဲ့တဲ့ ပါကစ္စတန် ရွေးကောက်ပွဲမှာတော့ ၎င်းတို့ အနိုင်ရကြောင်း ခရစ်ကက်ကစားသမားဟောင်း အီမရန်ခန်းက ထုတ်ဖော်ကြေညာလိုက်ပါတယ်။

ဒါပေမယ့်လည်း ပြိုင်ဘက် အုပ်စုတွေဘက်ကတော့ ရွေးကောက်ပွဲ မဲမသမာမှုတွေ ရှိခဲ့တယ်လို့ အပြင်းအထန် စွပ်စွဲနေလျက်ရှိပါတယ်။

“ ကျွန်တော်တို့ နိုင်လိုက်ပါပြီ၊ လုပ်ပိုင်ခွင့်အာဏာ ကျွန်တော်တို့ကို အပ်နှင်းလိုက်ပါပြီ” ဆိုပြီး နာမည်ကြီး ခရစ်ကက်ကစားသမားဘဝကနေ နိုင်ငံရေးလောကထဲ ရောက်လာတဲ့  အီမရန်ခန်းက ရုပ်သံကနေတဆင့် ပြောပါတယ်။

တရားဝင် ထုတ်ပြန်ကြေညာချက်တော့ ထွက်မလာသေးပါဘူး။ ဒါပေမယ့်လည်း လက်ရှိအနေအထားအတိုင်းအရဆိုရင် အီမရန်ခန်းအနေနဲ့ နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ် ဖြစ်လာဖို့ များနေပြီ ဖြစ်ပါတယ်။

လက်ရှိအချိန်ထိတော့ ၎င်းရဲ့ PTI ပါတီအနေနဲ့ အစိုးရအဖွဲ့ဖို့ လုံလောက်တဲ့ မဲအရေအတွက် မရတာကြောင့် ညွန့်ပေါင်းအစိုးရဖွဲ့ကို တွဲဘက်ပါ့တနာတွေ ရှာသွားရဖို့ ရှိနေပါတယ်။

ယခုလို ရွေးကောက်ပွဲ နိုင်ကြောင်း ကြေညာရာမှာတော့ အီမရန်ခန်းက ၎င်းလက်ထက်မှာ အမေရိကန်နဲ့အကြား ဟန်ချက်ညီတဲ့ ဆက်ဆံရေး ထူထောင်သွားဖို့ ရှိပြီး အငြင်းပွား ကက်ရှ်မီးယားကိစ္စ အိန္ဒိယနဲ့ ဆွေးနွေးသွားမယ်လို့လည်း ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly