အင်ဒိုနီးရှား တိရိစ္ဆာန်ရုံမှာ ရှားပါး ဘင်္ဂလားကျားပေါက်လေးနှစ်ကောင် မွေးဖွား

အင်ဒိုနီးရှား တိရိစ္ဆာန်ရုံမှာ ရှားပါး ဘင်္ဂလားကျားပေါက်လေးနှစ်ကောင် မွေးဖွား

ဇူလိုင် ၂၇ ။          ။ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းက မီဒန်း တိရိစ္ဆာန်ရုံမှာတော့ ရှားပါးမျိုးနွယ်ဝင် ဘင်္ဂလားကျား သားပေါက်လေးနှစ်ကောင် မွေးဖွားလာခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဘင်္ဂလားကျားမျိုးစိတ်တွေကတော့ ကမ္ဘာမှာ မျိုးသုဉ်းမယ့် အရေးစိုးရိမ်နေရတဲ့ ရှားပါးတိရိစ္ဆာန်တွေထဲမှာ ပါဝင်ပြီး ခုလိုမျိုး ကျားသားပေါက်လေးနှစ်ကောင် မွေးဖွားလာတဲ့အတွက် အင်ဒိုနီးရှား တောရိုင်းတိရိစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်သူတွေအတွက်ကတော့ ဝမ်းသာစရာ ဖြစ်ခဲ့ရပါတယ်။

“ ခုဆိုရင် ရှားပါး ဘင်္ဂလားကျားပေါက်လေးနှစ်ကောင် ကျွန်တော်တို့ဆီမှာ တိုးလာပြီပေါ့ဗျာ၊၊ သူတို့ကို ဇူလိုင် ၁၂  မနက် လေးနာရီလောက်က မွေးတာပေါ့၊ ဟုတ် ကျန်းကျန်းမာမာပါပဲ၊ သူ့အမေကလည်း နို့ကို သေချာ တိုက်ပေးတယ်လေ” ဟု အဆိုပါ တိရိစ္ဆာန်ရုံက တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဆူချစ်ထရာဝန် က ပြောပါတယ်။

“ ဒီ ကောင်လေးနှစ်ကောင်ရဲ့ အဖေနဲ့ အမေကတော့ ဝီဆာနဲ့ အဗာတာ တို့ပေါ့၊ သူတို့ကတော့ ဂျာကာတာက ရာဂန်နန် ဥယျာဉ်က ရောက်လာတာလေ၊ ဒီ ကျားပေါက်လေးတွေကတော့ သဘာဝအတိုင်း မွေးပြီး ကျန်းမာသန်စွမ်းနေပါတယ်” ဟု ၎င်းက ထပ်လောင်း ပြောသွားပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly