ပါရာဂွေး စိုက်ပျိုးရေးဝန်ကြီး လေယာဉ်ပျက်ကျပြီး ကွယ်လွန်

ပါရာဂွေး စိုက်ပျိုးရေးဝန်ကြီး လေယာဉ်ပျက်ကျပြီး ကွယ်လွန်

ဇူလိုင် ၂၇ ။            ။ ပါရာဂွေး စိုက်ပျိုးရေးဝန်ကြီးနဲ့ အခြား ဒုဝန်ကြီးတစ်ဦးတို့အပါအဝင် လူလေးဦး လိုက်ပါစီးနင်းသွားတဲ့ လေယာဉ်တစ်စင်း ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက် ညပိုင်းက ပျက်ကျသွားခဲ့လို့ လေယာဉ်ပေါ်ပါ လူအားလုံး သေဆုံးသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အဆိုပါ အပေါ့စား လေယာဉ်ဟာ အာဂျင်တီးနား နယ်စပ်အနီး ရွှံ့မြေတစ်ခုပေါ် ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ယင်း လေယာဉ်ပျက်ကျမှု ဖြစ်စဉ်မှာတော့ စိုက်ပျိုးရေးဝန်ကြီး လူးဝစ်နိတ်တင်း၊ မွေးမြူရေးနဲ့ ရေလုပ်ငန်း ဒုဝန်ကြီး ဗင်ဆင်တီ ရာမီရက်ဇ် တို့ နဲ့အတူ အစိုးရဝန်ထမ်း လူးဝစ် ချာရော့တီနဲ့ ပိုင်းလော့ ဂါရာဒို
လိုပက်ဇ်တို့ သေဆုံးသွားကြတယ်လို့ သိရပါတယ်။

ပါရာဂွေး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးဝန်ကြီး လူးဝစ် နိတ်တင်းကတော့ နိုင်ငံတောင်ပိုင်းက အယိုလာစ် မြို့မှာ နေထိုင်မကောင်းဖြစ်နေခဲ့ မိခင်ဖြစ်သူထံ သွားတွေ့ပြီး မြို့တော် အာဆွန်စီယွန် ဆီ အပြန်မှာ ယခုလို
အဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

ယခုလို သားဖြစ်သူ နိတ်တင်း ကွယ်လွန်ပြီး နာရီပိုင်းအကြာ ဇူလိုင် ၂၆ ရက်မှာလည်း ၎င်းရဲ့ မိခင်ဖြစ်သူလည်း ထပ်မံကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

နိတ်တင်းကတော့ စိုက်ပျိုးရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်တာ နှစ်လလောက်သာ ရှိသေးကြောင်း သိရပါတယ်။

“ ခု ဒီ ဖြစ်ရပ်ဆိုးက ပါရာဂွေး ပြည်သူအားလုံးအတွက် ဝမ်းနည်းစရာ ဖြစ်ခဲ့ရပါတယ်” ဆိုပြီး ရွေးကောက်ခံသမ္မတ မာရီယို အက်ဘ်ဒိုကလည်း ပြောကြားသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly