ပေကျင်းရှိ အမေရိကန်သံရုံးအနီး ပေါက်ကွဲမှု ဖြစ်

ပေကျင်းရှိ အမေရိကန်သံရုံးအနီး ပေါက်ကွဲမှု ဖြစ်

ဇူလိုင် ၂၆ ။            ။ တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ အမေရိကန်သံရုံးအပြင်ဘက်မှာ ဇူလိုင် ၂၆ ရက်က အသေးစားပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ယင်းဖြစ်စဉ်မှာ အသက် ၂၆ နှစ်အရွယ် တရုတ်နိုင်ငံသားတစ်ဦးက ယင်းဖောက်ခွဲမှုကို ကျူးလွန်ခဲ့ခြင်း ဖြစ်ပြီး ယခုအခါ ၎င်းကိုလည်း ထိန်းသိမ်းထားလိုက်ပြီ ဖြစ်ကြောင်း တရုတ်ရဲတပ်ဖွဲ့က ပြောပါတယ်။

၎င်းတရုတ်အမျိုးသားကတော့ ယခုဖြစ်စဉ်ကြောင့် လက်မှာ ဒဏ်ရာအနည်းငယ် ရသွားပေမယ့် အခြား တစ်ဦးတစ်ယောက်မှ တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာ မရခဲ့ကြောင်းလည်း သိရပါတယ်။

ဆိုရှယ်မီဒီယာပေါ် ပြန့်နှံ့လာတဲ့ ဗီဒီယိုတွေအရ သံရုံး အဆောက်အအုံ အပြင်ဘက်မှာ မီးခိုးတွေ အူထွက်နေတာကို တွေ့ရပါတယ်။

" ဒီနားကနေ ပြင်းထန်တဲ့ ပေါက်ကွဲသံ အကျယ်ကြီး ကြားခဲ့ရလို့ လမ်းပေါ် ထွက်ကြည့်ခဲ့ပါတယ်၊ တအောင့်နေတော့ ရဲတွေက ဒီဧရိယာကို ပိတ်လိုက်ပါတယ်" ဆိုပြီး မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောပါတယ်။

ယခုဖြစ်စဉ်နဲ့ပတ်သက်လို့ တရုတ်အာဏာပိုင်တွေက ဆက်လက် စုံစမ်းစစ်ဆေးနေလျက်ရှိကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly