ဒိုမီနီကန်သမ္မတနိုင်ငံက သာယာလှပတဲ့ ကမ်းခြေတွေမှာ အမှိုက်သရိုက်တန်ပေါင်းများစွာ စုပြုံရောက်ရှိခဲ့လို့ ရှင်းလင်းခဲ့ရ

ဒိုမီနီကန်သမ္မတနိုင်ငံက သာယာလှပတဲ့ ကမ်းခြေတွေမှာ အမှိုက်သရိုက်တန်ပေါင်းများစွာ စုပြုံရောက်ရှိခဲ့လို့ ရှင်းလင်းခဲ့ရ

ဇူလိုင် ၂၆ ။            ။ ဒိုမီနီကန်သမ္မတနိုင်ငံက ရွှေရောင်သဲပြင်တွေနဲ့ လှပသာယာခဲ့တဲ့ ကမ်းခြေတွေမှာတော့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တန်ချိန်နဲ့ချီတဲ့ အမှိုက်သရိုက်တွေစုပြုံရောက်ရှိလာတဲ့အတွက်ကြောင့် ရုတ်ခြည်းညစ်ညမ်းသွားခဲ့ရပါတယ်။

မြို့တော် ဆန်တို ဒိုမင်ဂို ရှိ Montesinos ကမ်းခြေမှာတော့ ယင်းရက်ပိုင်းအတွင်း မြောက်မြားစွာသော ပလက်စတစ် ရေဗူးခွံတွေ၊ ပလက်စတစ် ဖော့ဗူးတွေနဲ့ အိတ်တွေ စုပြုံရောက်ရှိလာခဲ့ပါတယ်။

မုန်တိုင်းကြောင့် ရက်အတော်ကြာ မိုးဆက်တိုက်ရွာသွန်းထားခဲ့ပြီးနောက် ယခုလို အမှိုက်သရိုက်အမြောက်အမြား ကမ်းခြေတွေမှာ လာစုပုံခဲ့တာဖြစ်ပြီး ယင်းနောက်ပိုင်း မြို့တွင်းက ရာနဲ့ချီတဲ့ သန့်ရှင်းရေးလုပ်သားတွေနဲစေတနာ့ဝန်ထမ်းတွေ စုပေါင်းပြီး ကမ်းခြေရှင်းလင်းရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

ယင်း ရှင်းလင်းမှုအတွက် အမှိုက်သရိုက်ပေါင်း တန်ချိန် ၆၀ ခန့်ကို သိမ်းဆည်းရှင်းလင်းခဲ့ရတယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာ ပင်လယ်သမုဒ္ဒရာတွေထဲမှာ အမှိုက်သရိုက် အညစ်အကြေး စွန့်ပစ်ပစ္စည်းတွေ စုပြုံရှိနေခြင်းက လက်ရှိအချိန်မှာ ထင်သာမြင်သာတဲ့ ပြဿနာတစ်ရပ် ဖြစ်နေပြီး ယခု ဒိုမီနီကန် ကမ်းခြေမှာဖြစ်ခဲ့တဲ့ အမှိုက်ကိစ္စကနေတဆင့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာတစ်ခုကိုပါ ညွှန်ပြနေရာရောက်တယ်လို့လည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားတွေက သတိပေးပြောကြားသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly