အသေခံဗုံးခွဲမှုကြောင့် အာဖဂန်၌ လူ ၅ ဦးသေဆုံး

အသေခံဗုံးခွဲမှုကြောင့် အာဖဂန်၌ လူ ၅ ဦးသေဆုံး

ဇူလိုင် ၂၆ ။            ။ ဒီကနေ့ မနက်ပိုင်း ၅ နာရီမှာ အာဖဂန်တပ်ဖွဲ့ဝင်တွေရဲ့စခန်းနားကို အသေခံဗုံးခွဲသမားရောက်ရှိလာပြီး ဗုံးခွဲခဲ့တဲ့အတွက် လူ ၅ ယောက်သေဆုံးပြီး ၆ ယောက်ဒဏ်ရာရသွားတယ်လု့ိ ရဲအရာရှိကပြောပါတယ်။

“သူတို့က အန်တီအက်စ်ရဲအရာရှိတွေကို ပစ်မှတ်ထားတာ။”လို့ Stanikzai ကပြောပါတယ်။ အန်တီအက်စ်အဖွဲ့ဝင်၄ယောက်နဲ့ ဒေသခံတစ်ယောက်သေဆုံးသွားတာဖြစ်ပြီး အန်တီအက်စ်အဖွဲ့ဝင်၅ယောက်နဲ့ဒေသခံတစ်ယောက် ဒဏ်ရာရရှိသွားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာတော့ ကဘူးလ်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ အသေခံဗုံးခွဲမှုဖြစ်ပွားခဲ့တဲ့အတွက် အေအက်ဖ်ပီကားဆရာ Mohammad Akhtar အပါအဝင် လူ ၂၃ ယောက်သေဆုံးခဲ့ပြီး ၁၀၇ ယောက် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါဗုံးခွဲမှုဟာ ကဘူးလ်မြို့ကို ပြန်ရောက်လာတဲ့ အာဖဂန်ဒုသမ္မတ Abdul Rashid Dostum ကို လုပ်ကြံချင်တာဖြစ်တယ်လို့ အိုင်အက်စ်အဖွဲ့ဝင်တွေက ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly