လက်ရှိအချိန်မှာတော့ Kylie Jenner ဟာ Social Media မှာရေပန်းအစားဆုံးဖြစ်နေပြီး Instagram Post တစ်ခုကို ဒေါ်လာတစ်သန်းရနေတယ်လို့ Page Six ကပြောပါတယ်။
အသက် ၂၀ နှစ်အရွယ် Kylie Jenner ရဲ့ Instagram မှာ Follower အယောက် သန်း ၁၁၀ နီးပါးရှိနေပြီဖြစ်ပြီး ၎င်းရဲ့အစ်မ Kim Kardashian နဲ့ Selena Gomez တို့ရဲ့စံချိန်ကို ချိုးနိုင်ခဲ့တာဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်အတွက် ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်ကတော့ Selena Gomez ဖြစ်ပါတယ်။ ၎င်းရဲ့ Instagram မှာ Follower ၁၃၉ သန်းရှိပြီး Post တစ်ခုအတွက် ဒေါ်လာ၈သိန်းရတယ်လို့ သိရပါတယ်။
တတိယအချမ်းသာဆုံးပုဂ္ဂိုလ်ကတော့ Cristiano Ronaldo ဖြစ်ပြီး ကြော်ငြာဓာတ်ပုံတစ်ပုံကို ဒေါ်လာ၇သိန်း၅သောင်းရရှိနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်အနေနဲ့ Selena ကပထမ၊ Kim Kardashian ကဒုတိယဆိုပြီး အသီးသီးစာရင်းဝင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ Kim Kardashian ဟာ ကြော်ငြာဓာတ်ပုံတစ်ပုံအတွက် ဒေါ်လာ၇သိန်း၂သောင်းရရှိပြီး စတုတ္ထမြောက်အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းဝင်ခဲ့တာဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်တုန်းက Kylie Jenner အနေနဲ့ စတုတ္ထမြောက်အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။