ပါကစ္စတန် ရွေးကောက်ပွဲ အကြိုရလဒ်ကို အာဏာရပါတီ ပယ်ချ

ပါကစ္စတန် ရွေးကောက်ပွဲ အကြိုရလဒ်ကို အာဏာရပါတီ ပယ်ချ

အစ္စတန်ဘူလ်၊ ဇူလိုင် ၂၆ ။                 ။ ပါကစ္စတန်နိုင်ငံရဲ့ နောက်တက်မယ့် ဝန်ကြီးချုပ်အဖြစ် ခရစ်ကက်ကစားသမားဟောင်း အမ်မာရန်ခန်း တစ်ပြေးနေတဲ့ ရွေးကောက်ပွဲ အကြိုရလဒ်ကို အာဏာရပါတီက ပြောင်ကျကျ အကြံအဖန်လုပ်ထားတဲ့ ရွေးကောက်ပွဲဆိုပြီး ဇူလိုင် ၂၆ ရက်မှာ ပယ်ချလိုက်ပါတယ်။

ဇူလိုင် ၂၅ ရက်က နိုင်ငံတစ်ဝန်းကျင်းပတဲ့ ရွေးကောက်ပွဲ မဲရလဒ်ဟာ ရေတွက်နေဆဲပဲ ဖြစ်ပြီး အာဏာရ မွတ်စလင်လိဒ်နာဝတ်ဇ် PML-N ပါတီခေါင်းဆောင် ရှာဘတ်ရှာရစ်က ရေတွက်ပြီး အကြိုရလဒ်ကို ပယ်ချခဲ့တာ ဖြစ်ပါတယ်။

“ဒီကနေ့ဟာ ပါကစ္စတန်ကို နှစ် သုံးဆယ် နောက်ပြန်ဆုတ်သွားစေတယ်။ ဒီရလဒ်ကို ကျွန်တော်တို့ လက်မခံဘူး။ ပယ်ချတယ်။”လို့ အကျင့်ပျက်ခြစားမှုနဲ့ ထောင်ကျနေတဲ့ ပါကစ္စတန်ခေါင်းဆောင်ဟောင်း နာဝတ်ရှာရစ်ရဲ့ ညီအစ်ကိုဖြစ်သူ ရှာဘတ်ရှာရစ်က သတင်းထောက်တွေကို ပြောလိုက်ပါတယ်။

ခုလို ရုပ်မြင်သံကြားကနေ ရှာဘတ်က ပြောဆိုချိန်မှာ မဲရလဒ်ရဲ့ ငါးပုံတစ်ပုံ ရေတွက်ထားပြီးလည်း ဖြစ်ပါတယ်။

အမ်မာရန်ခန်းကို မျက်နှာသာပေးတဲ့ အာဏာကြီးတဲ့ စစ်တပ်ရဲ့ စွက်ဖက်မှုတွေ ရှိနေတယ်ဆိုပြီး ခုရွေးကောက်ပွဲကို မကျင်းပခင် အချိန်ကတည်းက အညစ်ညမ်းဆုံး ရွေးကောက်ပွဲတစ်ရပ်အဖြစ် စွပ်စွဲမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့တာပဲ ဖြစ်ပါတယ်။
 
ရွေးကောက်ပွဲ ကော်မရှင်  ဝန်ထမ်းတွေက မဲတွေကို မျိုးတုစုပြီး ရလဒ်ရေတွက်နေတဲ့ အချိန်အခါမှာပဲ ပါကစ္စတန်ပြည်သူ့ပါတီ PPP အပါအဝင် အခြားပါတီတွေကလည်း မဲရေတွက်မှုမှာ  ကလိမ်ကျမှုတွေ ရှိနေတယ်ဆိုပြီးလည်း စွပ်စွဲပြောဆိုနေကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly