အပူလှိုင််း ကျရောက်၍ လန်ဒန်က ပန်းခြံတွေ ခြောက်သွေ့ကာ ၀ါရော်လ

အပူလှိုင််း ကျရောက်၍ လန်ဒန်က ပန်းခြံတွေ ခြောက်သွေ့ကာ ၀ါရော်လ

လန်ဒန်၊ ဇူလိုင် ၂၅ ။         ။ ဗြိတိန်နိုင်ငံမှာ အလွန်ပူပြင်းပြီး ခြောက်သွေ့ရာသီ ဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် လန်ဒန်က အမြဲတမ်း စိမ်းလန်းစိုပြေနေတဲ့ Green Park ပန်းခြံဟာ ဝါရော်လာတဲ့အထိ ဖြစ်လာခဲ့ပါတယ်။

အပူချိန်ဟာ လန်ဒန်မြို့တော် ဝန်းကျင် အရှေ့တောင်ပိုင်းဒေသတွေမှာ အထူးမြင့်မားနေတာပဲ ဖြစ်ပါတယ်။

နေ့လယ်ခင်းတွေမျာ အပူချိန်က ၃၀ ဒီဂရီ ဆဲလ်စီးရပ်စ်အထိ မြင့်တက်နိုင်တာကြောင့် အရိပ်အာဝါသအောက်မှာ နေထိုင်ရန်၊ နေကာမျက်မှန်တွေ တပ်ရန်နဲ့ အကာအကွယ်တွေ ထားရန်လည်း ဗြိတိန်မိုးလေဝသဌာနက ပြည်သူတွေကို သတိပေးချက် ထုတ်ထားပါတယ်။

လာမယ့်ရက်တွေမှာ အပူချိန် ဆက်လက်မြင့်တက်နေဦးမယ်လို့လည်း ခန့်မှန်းထားပါတယ်။

ဘတ်ကင်ဟမ်နန်းတော်အနီးက လန်ဒန်မြို့ရဲ့ အချက်အခြာမှာ တည်ရှိတဲ့ Green Park ဥယျာဉ်အနှံ့က သစ်ပင်တွေအောက်မှာ အပူဒဏ်ကို ခံနိုင်ဖို့ ခိုနားနေသူတွေ၊ ခြောက်သွေ့နေတဲ့ မြက်ခင်းပြင်တွေပေါ် နားနေအပန်းဖြေနေသူတွေရဲ့ သတင်းဓာတ်ပုံကို အီးပီအေသတင်းထောက်က ပေးပို့ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly