ဗီယက်နမ်၌ မုန်တိုင်းတိုက်သဖြင့် လူ ၂၇ ဦးသေဆုံး၊ ရ ဦးပျောက်ဆုံးနေ

ဗီယက်နမ်၌ မုန်တိုင်းတိုက်သဖြင့် လူ ၂၇ ဦးသေဆုံး၊ ရ ဦးပျောက်ဆုံးနေ

ဇူလိုင် ၂၄ ။            ။ ဗီယက်နမ်မြောက်ပိုင်းမှာ ဒေသတွင်းမုန်တိုင်း Son Tinh ဝင်ရောက်တိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် လူ ၂၇ ယောက်သေဆုံးခဲ့ပြီး ၇ ယောက်ပျောက်ဆုံးနေတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှု၊ မြေပြိုမှုများဖြစ်ပွားခဲ့ပြီး လူအယောက် ၂၀ ခန့်ဒဏ်ရာရရှိခဲ့တယ်လို့ အာဏာပိုင်တွေက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ကြာသာပတေးနေ့က Yen Bai နဲ့ Thanh Hoa ဒေသတွေမှာ မြေပြိုမှုတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ဒါအပြင် အိမ်ခြေပေါင်း ၁၂၀၀၀၊ ကောက်ပဲသီးနှံ ၉၀၀၀၀ ဟက်တာ (၂၂၂၄၀၀ ဧကခန့်) ပျက်စီးဆုံးရှုံးခဲ့ရပြီး ကျွဲနွားအကောင်ရေ ၁၇၀၀၀ ခန့်သေကြေခဲ့တယ်လို့ တရားဝင်ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့တစ်လက ဗီယက်နမ်မှာ မုန်တိုင်းတစ်ခုဝင်ရောက်တိုက်ခတ်ခဲ့ပြီး လူ ၂၃ ယောက်သေဆုံးခဲ့ရသလို ပျောက်ဆုံးသူတွေအများကြီးရှိခဲ့ပါတယ်။ ၎င်းမုန်တိုင်းတိုက်ခတ်ပြီး တစ်လအကြာမှာ Son Tinh မုန်တိုင်းတိုက်ခတ်တာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly