၁၉ ကြိမ်မြောက် အာဆီယံဒေသ ကာကွယ်ရေးဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်များ ၏ ကျောင်းအုပ်ကြီးများ အစည်းအဝေး နေပြည်တော်၌ ကျင်းပ

၁၉ ကြိမ်မြောက် အာဆီယံဒေသ ကာကွယ်ရေးဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်များ ၏ ကျောင်းအုပ်ကြီးများ အစည်းအဝေး နေပြည်တော်၌ ကျင်းပ
Photo - Myawady

စက်တင်ဘာ ၂ ။            ။ ၁၉ ကြိမ်မြောက် အာဆီယံဒေသကာကွယ်ရေးဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်များ ၏ ကျောင်းအုပ်ကြီးများ အစည်းအဝေးကို နေပြည်တော်၌ ကျင်းပနေသည်။

သြဂုတ် ၂ ရက်နေ့ အစည်းအဝေးဖွင့်ပွဲကို ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်မိန့်ခွန်းပြောသည်။

အစည်းအဝေး၌ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၂၂ နိုင်ငံရှိ ကာကွယ်ရေးတက္ကသိုလ် အသီးသီးမှ ကျောင်းအုပ် ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ဆွေးနွေးနေကြသည်။

အာဆီယံ ၁၀ နိုင်ငံအပါအဝင် တီမော၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ သီရိလင်္ကာ၊ ရုရှား၊ မွန်ဂိုလီးယား၊ အမေရိကန်၊ သြစတြေးလျတို့ဖြစ်သည်။

မြန်မာနိုင်ငံမှ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) တပ်မတော်အရာရှိကြီး များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်မိုးမြင့်ထွန်း၊ နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးမိုးအောင်တို့လည်း တက်ရောက်ကြသည်။

ဒေသတွင်း မဟာဗျူဟာပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လာခြင်းခေါင်းစဉ်နှင့် စစ်ဘက်ပညာရေးဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်လာခြင်း၊ ဒေသတွင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ယုံကြည် မှုတည်ဆောက်လာခြင်း စသည့် ခေါင်းစဉ်များ ဆွေးနွေးကြသည်။

၁၈ ကြိမ်မြောက် ARF အာဆီယံဒေသကာကွယ်ရေးဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်များ ၏ ကျောင်းအုပ်ကြီးများ အစည်းအဝေးကို တောင်ကိုရီးယားနိုင်ငံ ဆိုးမြို့၌ ၂၀၁၄ ခု၊ စက်တင်ဘာလအတွင်းက ကျင်းပခဲ့သည်။

Ref; Myawady

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly