အယ်လစ်ဆင်ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် လီဗာပူးလ်ကမ်းလှမ်း

အယ်လစ်ဆင်ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် လီဗာပူးလ်ကမ်းလှမ်း

 

ဇူလိုင် ၁၈၊ လီဗာပူးလ်။                  ။ ပရီးမီးယားလိဂ်ကလပ် လီဗာပူးလ်အသင်းသည် ရိုးမားဂိုးသမား အယ်လစ်ဆင်ကို ဂိုးသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ကမ်းလှမ်းခဲ့သည်ဟု ဒေးလီးမေးလ်သတင်းတွင် ဖော်ပြထားသည်။

လီဗာပူးလ်အနေဖြင့် ကာလရှည်ဖြစ်ပေါ်နေသည့် ဂိုးသမားပြဿနာကိုဖြေရှင်းရန်အတွက် ပေါင် ၆၂ သန်းဖြင့် ကမ်းလှမ်းလိုက်ခြင်း ဖြစ်သည်။

အသင်း၏အနေအထားတိုးတက်လာရန် ဖြည့်ဆည်းရမည့်နေရာအတွက် နည်းပြကလော့ပ်က လက်ခံထားပြီး လက်ရှိဂိုးသမား ကေးရီးယက်စ်၏နေရာ၌ အယ်လစ်ဆင် ဘက်ကာကို ခေါ်ယူချင်နေခြင်းဖြစ်သည်။

ဘရာဇီးလက်ရွေးစင်ဂိုးသမားကို ချယ်လ်ဆီးအသင်းကလည်း စိတ်ဝင်စားနေသည်။ ကမ်းလှမ်းမှုမှာ ပေါင် ၅၃ နှင့် ထပ်ဆောင်း ပေါင် ၉ သန်းဖြစ်သည်ဟု အီတလီသတင်းများကလည်း ဖော်ပြနေကြသည်။

လီဗာပူးလ်အသင်းသည် ဇန်နဝါရီတွင် အယ်လစ်ဆင် ဘက်ကာကို စတင်စိတ်ဝင်စားကတည်းက ရိုးမားအသင်းနှင့် ဆက်ဆံရေး ကောင်းရရှိထားသည်။

လီဗာပူးလ်၏ကမ်းလှမ်းမှုမှာ ပြီးခဲ့သည့်ရာသီက ကမ္ဘာ့စံချိန်တင်ခဲ့သော အက်ဒါဆင်၏ ပြောင်းရွှေ့ကြေးထက် များစွာသာလွန် နေသည်။ အသက် ၂၅ နှစ်အရွယ် အက်ဒါဆင်ကို မန်စီးတီးအသင်းခေါ်ယူစဉ်က ပေါင် ၃၅ သန်း ပေးခဲ့ရသည်။

ကမ္ဘာ့ဈေးအကြီးဆုံး ဂိုးသမားများ

အမည်           မှ                           သို့                ဈေးနှုန်း

အက်ဒါဆင်      ဘင်ဖီကာ                  မန်စီးတီး         ပေါင် ၃၅ သန်း

ဘူဖွန်            ပါးမား                      ဂျူဗင်တပ်        ပေါင် ၃၃ သန်း

ပစ်ခ်ဖို့ဒ်          ဆန်းဒါးလန်း               အဲဗာတန်        ပေါင် ၂၅ သန်း

လီနို              လေဗာကူဆင်             အာဆင်နယ်     ပေါင် သန်း ၂၀

ဒီဂီယာ           အက်သလက်တီကို       မန်ယူ             ပေါင် ၁၈ ဒသမ ၃ သန်း

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly