တိုင်​းရင်​းသားစည်​းလုံးညီညွတ်​​ရေးကို စစ်​​ရေးအရ ဖိအား​ပေး၍ အတင်​းအကျပ်​တည်​​ဆောက်​မရဟုဆို

တိုင်​းရင်​းသားစည်​းလုံးညီညွတ်​​ရေးကို စစ်​​ရေးအရ ဖိအား​ပေး၍ အတင်​းအကျပ်​တည်​​ဆောက်​မရဟုဆို

 

​နေပြည်​​တော်​၊ ဇူလိုင်​၁၁ ။            ။  တိုင်​းရင်​းသား စည်​းလုံးညီညွတ်​​ရေးသည်​သာ ပြည်​​ထောင်​စု မပြိုကွဲ​ရေးနှင်​့ အချုပ်​အခြာ အာဏာတည်​တံ့ခိုင်​မြဲ​ရေးတို့အတွက်​ ထိန်​းသိမ်​းကာကွယ်​နိုင်​မည်​ဖြစ်​​သော​ကြောင်​့ တိုင်​းရင်​းသားစည်​းလုံးညီညွတ်​​ရေးကို စစ်​​ရေးအရ ဖိအား​ပေးခြင်​းဖြင်​့ အတင်​းအကျပ်​ တည်​​ဆောက်​၍မရ​ကြောင်​း ​ကေအဲန်​ယူ- ကရင်​အမျိုးသားအစည်​းအရုံး ဥက္ကဋ္ဌ ဗိုလ်​ချုပ်​ကြီး ​စောမူတူး​စေးဖိုးက ​ပြောကြားသည်​။

"တိုင်​းရင်​းသားစည်​းလုံးညီညွတ်​​ရေးကို တိုင်​းရင်​းသားလူမျိုးများအကြား လွတ်​လပ်​မှု တန်​းတူညီမျှမှု ၊ တရားမျှတမှု အ​ခြေခံတရားများဖြင်​့သာ တည်​​ဆောက်​ရမည်​ ဖြစ်​သည်​။ လက်​​တွေ့လုပ်​ငန်းဖြင်​့သာ တည်​​ဆောက်​ရမည်​ဖြစ်​သည်​။  ထို့အတူပြည်​​ထောင်​စုမပြိုကွဲ​ရေး ၊ အချုပ်​ခြာအာဏာ တည်​တံ့ခိုင်​မြဲ ​ရေးတို့ကို တိုင်​းရင်​းသားတို့၏ စည်​းလုံး ညီညွတ်​မှု အားဖြင်​့သာ ကာကွယ်​ ထိန်​းသိမ်​းနိုင်​မှာဖြစ်​သည်​"ဟု ​စောမူတူ​း​စေးဖိုးက​ပြောကြားသည်​။

ယ​နေ့ဇူလိုင်​လ ၁၁ရက်​​နေ့က ​နေပြည်​​တော်​ရှိ အပြည်​ပြည်​ဆိုင်​ရာ ကွန်​ဗန်​းရှင်​းဗဟိုဌာန (၂)တွင်​ ကျင်​းပပြုလုပ်​​သော ၂၁ရာစုပင်​လုံ တတိယအစည်​းအ​ဝေးဖွင်​့ပွဲတွင်​ တိုင်​းရင်​းသားလက်​နက်​ကိုင်​ အဖွဲ့အစည်​းများ၏ ကိုယ်​စား အဖွင်​့မိန်​့ခွန်​းတွင်​ ထည်​့သွင်​း​ပြောကြားခဲ့ခြင်​းဖြစ်​သည်​။

အလားတူ တိုင်​းရင်​းသား လူမျိုးများ၏ ​နောက်​ခံသမိုင်​း၊ ရိုးရာယဉ်​​ကျေးမှု၊ စာ​ပေ၊ ဘာသာစကားများနှင်​့ အမျိုးသားလက္ခဏာများတို့ရဲ့ မတူကွဲပြားမုှများကို လက်​ခံအသိအမှတ်​ပြုပြီး လူမျိုး​ပေါင်​းစုံ ၊ ဘာသာ​ပေါင်​းစုံတို်​့ဖြင်​့ ပြည်​​ထောင်​စု လက္ခဏာတစ်​ရပ်​အဖြစ်​ နိုင်​ငံသားအားလုံး  ​ဖော်​​ဆောင်​ကြရန်​ဆက်​လက်​ ​ပြောကြားခဲ့သည်​။

"​ဖော်​​ဆောင်​ရာမှာလည်​း ပင်​လုံစိတ်​ဓာတ်​နဲ့အညီ ဒိိမိုက​ရေစီ​ရေး၊ အမျိုးသားတန်​းတူ​ရေးနှင်​့ ကိုယ်​ပိုင်​ပြဋ္ဌာန်​းခွင်​့ကို အာမခံချက်​ အပြည်​့အဝရှိ​သော ဒီမိုက​ရေစီနှင်​့ ဖက်​ဒရယ်​စနစ်​တို့ကို အ​ခြေခံသည်​ ပြည်​​ထောင်​စုနိုင်​ငံ​ရေး ​ဆွေး​နွေးပွဲရလဒ်​များနှင်​့ အညီတည်​​ဆောက်​ရန်​ ဖြစ်​တယ်​"ဟု ၎င်းက ဆက်​လက်​​ပြောကြားသည်​။

၂၁ရာစု တတိယအကြိမ်​ ပင်​လုံညီလာခံသည်​ နိုင်​ငံ၏ အနာဂတ်​​ရေးအတွက်​ ​ဆွေး​နွေးမှုများဖြစ်​သည်​့အတွက်​​ကြောင်​့ ​ဆွေး​နွေးမှု၊ ဆုံးဖြတ်​မှုများသည်​ နိုင်​ငံအနာဂတ်​အတွက်​  အ​ရေးကြီးသလို ​ဆွေး​နွေးဆုံးဖြတ်​ချက်​များအားလုံးသည်​ တိုင်​းရင်​းသား စည်​းစလုံးညီညွတ်​​ရေး၊ ပြည်​​ထောင်​စုမပြိုကွဲ​ရေး၊ပြည်​​ထောင်​စု အချုပ်​ခြာအာဏာ တည်​တံ့ခိုင်​မြဲ ​ရေးတို့အတွက်​ ပိုမို​ကောင်​းမွန်​သည်​့ဆုံးဖြတ်​ချက်​များ ရရှိ​စေဖို့ ​ကေအဲန်​ယူ ကရင်​အမျိုးးသားအစည်​းအရုံး ဥက္ကဋ္ဌ ဗိုလ်​ချုပ်​ကြီး ​စောမူတူး​စေးဖိုးက တိုက်​တွန်​း​ပြောကြားခဲ့သည်​။

ယ​နေ့ ညီလာခံသို့ နိုင်​ငံ​တော်​သမ္မတ ဦးဝင်​းမြင်​့၊ နိုင်​ငံ​တော်​၏ အတိုင်​ပင်​ခံပုဂ္ဂိုလ်​​ဒေါ်​အောင်​ဆန်​းစုကြည်​၊ ပြည်​​ထောင်​စုလွဋ္ဌ်​​တော်​နာယက မန်​းဝင်​းခိုင်​သန်​း၊ တပ်​မ​တော်​ကာကွယ်​​ရေးဦးစီးချုပ်​ ဗိုလ်​ချုပ်​ကြီးမင်​း​အောင်​လှိုင်​ ၊ ပြည်​​ထောင်​စုဝန်​ကြီးများ၊ တိုင်းရင်​းသားလက်​နက်​ကိုင်​ အဖွဲ့အစည်​းများမှ ​ခေါင်​း​ဆောင်​များ၊ နိုင်​ငံ​ရေးပါတီများ၊ သံရုံးတာဝန်​ရှိသူများနှင်​့ လူမှုအဖွဲ့အစည်​းများမှ ကိုယ်​စားလှယ်​များတက်​​ရောက်​ခဲ့ကြသည်​။

ကေအဲန်ယူ - ကရင်အမျိုးသား အစည်းအရုံး ဥက္ကဋ္ဌ - ဗိုလ်ချူပ်ကြီး စောမူတူးစေးဖိုး၏ နုတ်ခွန်းဆက် အမှာစကား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly