ထိုင်ဝမ်တွင် မုန်တိုင်း တိုက်ခတ်၍ ကျောင်းများ၊ ရုံးများ ပိတ်ထား

ထိုင်ဝမ်တွင် မုန်တိုင်း တိုက်ခတ်၍ ကျောင်းများ၊ ရုံးများ ပိတ်ထား

တိုင်ပေ၊ ဇူလိုင် ၁၁ ။                   ။ ထိုင်ဝမ်က နေရာအပိုင်းအများစုသို့ တိုင်ဖုန်းမုန်တိုင်း မာရီယာ ၀င်ရောက်တိုက်ခတ်ရာ စာသင်ကျောင်းနှင့် ရုံးများအား ဇူလိုင် ၁၁ ရက်တွင် ပိတ်ထားရသည်။

မုန်တိုင်းကြောင့် လေပြင်းများ တိုက်ခတ်ကာ မိုးများ သည်းထန်စွာ ရွာသွန်းသည်။

ရေကြီးမှုနှင့် မြေပြိုမှုများအတွက် တာဝန်ရှိသူများက သတိပေးထားပြီး ထောင်ပေါင်းများစွာသော ပြည်သူများကို ပြောင်းရွှေ့ပေးထားသည်။

သို့သော် မုန်တိုင်းမှာ ထိုင်ဝမ်သို့ ချည်းကပ်စဉ် အားနည်းခဲ့ပြီး မြောက်ဖက်သို့ ဦးတည်ရွှေ့လျားသွားသည်။

တစ်ချို့သော အရပ်များတွင် မိုးရေချိန် လေးလက်မအထိ ရွာသွန်းကြောင်း မိုးလေဝသဗျူရိုက ထုတ်ပြန်သည်။ အနောက်မြောက်ပိုင်းသို့ မုန်တိုင်း ရွှေ့လျား၍ လေပြင်းများ ဆက်လက်တိုက်ခတ်နေဦးမည်ဟု ခန့်မှန်းထားသည်။

ပြည်သူများအား ရေလှိုင်းများ ကိုးမီတာ အမြင့်ထိ စံချိန်တင်ဖြစ်ပေါ်သည့် ကမ်းခြေများသို့ မသွားရောက်ကြရန်လည်း တားမြစ်ထားသည်။

တိုင်ပေမြို့တော် တောင်ထူထပ်ရာ မြောက်ပိုင်းတွင် သစ်ပင်များ ပြိုလဲပြီး လမ်းများ ပိတ်ဆို့နေသည်ကို ရုပ်မြင်သံကြားက ထုတ်လွှင့်သည်။

သေဆုံးပျောက်ဆုံးမှု သတင်းအား တာဝန်ရှိသူများက မထုတ်ပြန်သေးသော်လည်း ဌာနေမီဒီယာများတွင် လူတစ်ဦး အိမ်အတွင်း ပြတင်းပေါက်အား စစ်ဆေးချိန် လဲပြိုပြီး သေဆုံးကြောင်း ဖော်ပြထားသည်။

ရေကြီးမှုနှင့်  မြေပြိုမှု ဖြစ်နိုင်သော အရပ်များမှ ပြည်သူပေါင်း ၃၅၀၀ နီးပါးကို ရွှေ့ပြောင်းပေးထားပြီး စစ်သား ၂၀၀၀ အင်အားကိုလည်း အသင့် ရှိစေသည်။

အိမ်ထောင်စုပေါင်း ၄၃၀၀၀ ခန့် လျှပ်စစ်မီးများ ပြတ်တောက်လျက်ရှိကာ ယင်းမုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ် ရာပေါင်းများစွာလည်း ပယ်ဖျက်ခဲ့ရကြောင်း သိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly