ဇူလိုင် ၁၀ ။ ။ ထိုင်းလှိုဏ်ဂူ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေတဲ့ တတိယမြောက်နေ့ ယနေ့ ဇူလိုင် ၁၀ ရက်မှာပဲ ဆယ်ဦးမြောက် ကလေးငယ်ကို ကယ်ထုတ်လာနိုင်ခဲ့ပြီ ဖြစ်ကြောင်း တာဝန်ရှိသူသုံးဦးက အေအက်ဖ်ပီကို ပြောပါတယ်။
ယင်းအတွက်ကြောင့် ယခုအခါမှာ ထိုင်းဂူထဲမှာ နောက်ထပ်ကလေးနှစ်ယောက်နဲ့ နည်းပြဖြစ်သူတို့ပဲ ထွက်လာဖို့ ကျန်နေတော့တယ်လို့ ဆိုပါတယ်။
အစောပိုင်းကပဲ ကိုးယောက်မြောက်ကလေးထွက်လာပြီးနောက် များမကြာမီမှာပဲ ယခုအခါ နောက်ထပ် ဆယ်ယောက်မြောက် ထိုင်းကလေးငယ်တစ်ယောက်လည်း ထပ်ကယ်ထုတ်လာနိုင်ပြီ ဆိုပြီး သိရတာဖြစ်ပါတယ်။
" ခုဆိုရင် ဆယ်ယောက်မြောက် ကလေးတစ်ယောက် ဂူထဲကနေ ကယ်ထုတ်လာနိုင်ပြီး ဆေးရုံကို ပို့နေပါပြီ" ဆိုပြီး အမည်မဖော်လိုသူ ရေတပ်အရာရှိတစ်ဦးက အေအက်ဖ်ပီကို ပြောသွားပါတယ်။ ဒါ့အပြင် ယင်းကိစ္စကို အရပ်ဘက်အစိုးရတာဝန်ရှိသူတစ်ဦးနဲ့ ရဲတပ်ဖွဲ့ အရာရှိတစ်ဦးတို့ကလည်း အတည်ပြုသွားပါတယ်။