အိန္ဒိယနိုင်ငံ၏ အချမ်းသာဆုံး ပုဂ္ဂိုလ်မှ Broadband အင်တာနက် အစီအစဉ်စတင်မိတ်ဆက်

အိန္ဒိယနိုင်ငံ၏ အချမ်းသာဆုံး ပုဂ္ဂိုလ်မှ Broadband အင်တာနက် အစီအစဉ်စတင်မိတ်ဆက်

ဇူလိုင် ၅ ။         ။ အခကြေးငွေပေးစရာမလိုတဲ့ Voice Calls တွေလုပ်ဆောင်ပေးနေတဲ့ အိန္ဒိယရဲ့အချမ်းသာဆုံး ပုဂ္ဂိုလ် Mukesh Ambani ဟာ Broadband အင်တာနက်စျေးကွက်ဘက်ကို ခြေဦးလှည့်နေတယ်လို့သိရပါတယ်။

သူ့ရဲ့ကုမ္ပဏီ Reliance Industries ကနေ အိန္ဒိယမြို့ပေါင်း ၁,၁၀၀ ကျော်ကို Fibre Broadband တွေတပ်ဆင်ပေးသွားမယ်လို့ Ambani က ရှယ်ယာရှင်တွေကို ကြာသာပတေးနေ့မှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

အိမ်၊ ကုန်သည်တွေ၊ အသေးစားအလတ်စားလုပ်ငန်းတွေနဲ့ လုပ်ငန်းကြီးတွေအတွက် Fibre ချိတ်ဆက်မှုတွေ လုပ်ဆောင်ပေးသွားတော့မယ်လို့ Ambani က Mumbai မြို့ကရှယ်ယာရှင်တွေကိုလည်း ပြောပါတယ်။

Reliance ရဲ့နှစ်ပတ်လည်အစည်းအဝေးမှာတော့ Ambani ဟာ သူ့ရဲ့ Fibre အခြေခံသုံးထားတဲ့ Broadband တွေဟာ အိန္ဒိယနိုင်ငံမှာ နည်းပညာအမြှင့်ဆုံးဖြစ်လာမယ်လို့ ရှယ်ယာရှင်တွေကို ပြောခဲ့ပါတယ်။

 သူ့ရဲ့ကြေညာချက်ဟာ အိန္ဒိယနိုင်ငံမှာ Broadband အင်တာနက်ဝန်ဆောင်မှုပေးနေတဲ့သူတွေကို ခြောက်လှန့်လိုက်သလိုပါပဲ။

စက်တင်ဘာလ၊ ၂၀၁၆ ခုနှစ်ကစပြီး Reliance ဟာ သူ့ရဲ့ စျေးနှုန်းချိုသာတဲ့ Data အစီအစဉ်တွေ၊ ၀န်ဆောင်မှုတွေပေးတဲ့ Jio ကွန်ယက်နဲ့ အိန္ဒိယ Telecom စျေးကွက်ထဲကို တိုးချဲ့ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။

သြဂုတ်လ ၁၅ ရက်နေ့မှာ Ambani ဟာ Jio Giga Fiber ကိုစတင်မိတ်ဆက်ခဲ့ပြီး အိန္ဒိယမှာ Broadband လိုင်းအသစ်တပ်ဆင်သွားမယ်လို့ကြေညာခဲ့ပြီးတဲ့နောက်မှာ လူဦးရေ ၂၁၅ သိန်းရဲ့အားပေးမှုကို ရရှိခဲ့တယ်လို့သိရပါတယ်။

Broadband အင်တာနက်ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံမှာ ၀န်ဆောင်မှုကောင်းကောင်းမရှိသေးတာကိုတွေ့ရပါတယ်။ Jio အနေနဲ့ အိန္ဒိယရဲ့ အင်တာနက်ဝန်ဆောင်မှုကို အကောင်းဆုံးဖြစ်အောင်လုပ်ဆောင်ပေးသွားမှာပါလို့ ၄င်းကပြောပါတယ်။

Reliance ရဲ့ပြိုင်ဘက် ကုမ္ပဏီဖြစ်တဲ့ Bharti Airtel ကအိမ်တွေအတွက် Broadband အင်တာနက်ဝန်ဆောင်မှုပေးနေဆဲဖြစ်တယ်လို့သိရပါတယ်။ Tata Docomo ကုမ္ပဏီနဲ့ အစိုးရပိုင်ကုမ္ပဏီ BSNL တို့လည်း Broadband အင်တာနက် ၀န်ဆောင်မှုတွေပေးနေဆဲဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly