စက်တင်ဘာ ၂၊ လီဗာပူးလ် ။ ။ လီဗာပူးလ်အသင်းမှဘယ်လ်ဂျီယံတိုက်စစ်မှူး ဘန်တီကီသည် ပေါင်ဒဏ်ရာရရှိနေသောကြောင့် စက်တင်ဘာ ၁၂ တွင် မန်ယူနှင့်ကစားရမည့် ပရီးမီးယားလိဂ်ပွဲ အမီပြန်ကောင်းလာရန် ရုန်းကန်ရမည်ဖြစ်သည်။
အသက် ၂၄ နှစ်အရွယ်ရှိယင်းတိုက်စစ်မှူးမှာ ကြသပတေးနေ့တွင် ဘော့စနီးယားနှင့်ကစားရမည့် ယူရို ၂၀၁၆ ခြေစစ်ပွဲကိုလည်း လွဲချော်ရမည်ဖြစ် သည်။
ပေါင် ၃၂ ဒသမ ၅ သန်းတန် ဘန်တီကီသည် စနေနေ့က အိမ်ကွင်းတွင် ဝက်စ်ဟမ်းကို ၃-၀ ဂိုးဖြင့်ရှုံးသည့်ပွဲ၌ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကာ ဘယ်လ်ဂျီယံအသင်းနှင့် လေ့ကျင့်ခန်းလည်း ပျက်ကွက်ခဲ့သည်။
ဒဏ်ရာကိုစစ်ဆေးချက်အရ ပြင်းထန်ခြင်းမရှိရာ စက်တင်ဘာ ၁၂ တွင် အိုးထရက်ဖို့ဒ်၌ မန်ယူအသင်းနှင့်ကစားရမည့် ပရီးမီးယားလိဂ်ပွဲတွင် ပြန်လည်ပါဝင်နိုင်မည်ဟု လီဗာပူးလ်အသင်း ကမျှော်လင့်နေ သည်။
ဘယ်လ်ဂျီယံအသင်းတာဝန်ရှိသူများကလည်း ကြသပတေးနေ့တွင် ဘန်တီကီမကစားနိုင်လျှင် စနေနေ့ ဆိုက်ပရက်နှင့်ပွဲ၌ကစားနိုင်လိမ့်မည် ဟု မျှော်လင့်ထားကြသည်။
ဘန်တီကီသည်နွေရာသီအပြောင်းအရွှေ့အတွင်း အက်စတွန်ဗီလာမှ မြင့်မားသည့်ပြောင်းရွှေ့ကြေးဖြင့်ပြောင်းလာပြီးနောက် လီဗာပူးလ် အတွက်လေးပွဲကစား တစ်ဂိုးသွင်းပေးထားသည်။
Ref; mirror