ဆီးရီးယား စစ်ဘေးရှောင် ပြည်သူပေါင်း သုံးသိန်းနီးပါး ရှိနေပြီဟု ကုလသမဂ္ဂ သတိပေး

ဆီးရီးယား စစ်ဘေးရှောင် ပြည်သူပေါင်း သုံးသိန်းနီးပါး ရှိနေပြီဟု ကုလသမဂ္ဂ သတိပေး

ဒမတ်စကပ်၊ ဇူလိုင် ၄ ။               ။ ဂျော်ဒန်နိုင်ငံနှင့် ဆီးရီးယား နယ်စပ်အပိုင်းတွင် စစ်ဘေးရှောင် လာရောက်ခိုလှုံနေသူ လေးသောင်းအပါအဝင် နိုင်ငံအတွင်း စစ်ဘေးရှောင် နေရပ်စွန့်ပြေးသူပေါင်းက ၂၇၀၀၀၀ အထိ ရှိနေပြီဟု ကုလသမဂ္ဂက ဇူလိုင် ၃ ရက်၌ သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် သတိပေးလိုက်သည်။

ပြီးခဲ့သည့် သီတင်းပတ်က ဆီးရီးယားအစိုးရတပ်နှင့် ၎င်း၏ မဟာမိတ်များက အနောက်တောင်ပိုင်း ဒါရားမြို့တွင် သူပုန်များအား ထိုးစစ်များ ဆင်နွှဲခဲ့ခြင်း ဖြစ်သည်။ ဒါရားမြို့သည် ဆီးရီးယားတောင်ပိုင်းက သူပုန်အမာခံမြေများမှ တစ်နေရာလည်း ဖြစ်သည်။

“ဒီတိုက်ပွဲတွေ စဖြစ်ကတည်းက နေရပ်စွန့်ပြေးသူပေါင်း နှစ်သိန်းခုနစ်သောင်းအထိ ရှိလာပြီဖြစ်တယ်။”ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ပြောခွင့်ရသူ အန်ဒရက်မာစီစစ်က ပြောသည်။

ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာစီမံကိ်န်း အေဂျင်စီကလည်း အရေးပေါ်အကူအညီ ရိက္ခာထုပ်ပေါင်း နှစ်သိန်းကို ပေးပို့ခဲ့ကြောင်း ပြောသော်လည်း အေဂျင်စီမှ အကူအညီပေးရေး ၀န်ထမ်းများ တော်တော်များများက ကြောက်ရွံ့ကာ ထွက်ပြေးခြင်းများ ရှိနေ၍ လူသားချင်းစာနာထောက်ထားရေး အခြေအနေ ပိုမိုဆိုးဝါးလာနိုင်ကြောင်း သတိပေးထားသည်။

ဂျော်ဒန်အစိုးရအနေဖြင့်လည်း ၎င်းတို့၏ နယ်စပ်များကို ဖွင့်ထားပြီး ဒေသတွင်း အခြားနိုင်ငံများကလည်း ဆီးရီးယားက ထွက်ပြေးသူ ပြည်သူများကို လက်ခံပေးကြရန် ကုလသမဂ္ဂက တိုက်တွန်းထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly